ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား


(ပြည်တွင်း) ဇန်နဝါရီ ၂၀

မွန်ပြည်နယ်၊ သထုံမြို့၊ မိုးကောင်းကျေးရွာနှင့် ကရင်လေးဆိပ်ကျေးရွာကြားရှိ ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးဘေးတွင် ယမန်နေ့ ည ၉ နာရီ ၅ မိနစ်အချိန်ခန့်က KNU/PDF သောင်းကြမ်းသူများ ထောင်ထားသည့် မိုင်း ၂ လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ နေရာအားလုံခြုံရေးအဖွဲ့မှ သွားရောက်ရှင်းလင်းရာမိုင်တိုင်အမှတ် ၁၃၄/၆ နှင့် ၁၃၄/၇ ကြား ကရင်‌လေဆိပ်ရွာနှင့် ဇရပ်ကျွန်ကျေးရွာကြားရှိ ဗိုလ်ခမ်းကွင်း တံတားအနီးတွင် အကြမ်းဖက် KNU/PDF အဖွဲ့မှ ထောင်ထားသော မိုင်းပေါက်ခွဲမှုကြောင့် ယာဥ်မောင်း မိုးဝင်းဦး(ခ)ကျော်ဇော၊ ၂၃ နှစ်၊ (ဘ)ဦးရွှေညွှန့်၊ သထုံမြို့နေသူ မောင်းနှင်လာသည့် ရာဘာထင်းများ တင်ဆောင်လာသည် ယာဥ်အမှတ် BGO/ 9J/2264 အဖြူရောင် Forland အမျိုးအစား ၆ ဘီးယာဥ်တိမ်မှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်မှာ သထုံမှ ဘီးလင်းဘက်သို့ မောင်းနှင်သွားစဥ် အကြမ်းဖက် KNU/PDF အဖွဲ့မှ ထောင်ထားသော မိုင်း ပေါက်ခွဲမှုကြောင့် ယာဥ်တိမ်းမှောက်သွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဥ်မောင်းနှင်လာသော မိုးဝင်းဦးတွင် ဒဏ်ရာတစ်စုံတစ်ရာမရရှိပဲ မော်တော်ယာဥ်မှာ ယာနောက်ကြည်မှန်ကျိုးပဲ့၊ ယာဥ်ဦးခေါင်း ယာဘက်ခြမ်းဆေးပွန်း သွားခဲ့ရပြီး လမ်းပိတ်ဆို့မှုမရှိစေရေး လူအင်အားဖြင့် လမ်းဘေးသို့ ၎င်းယာဥ်အားရွှေချထားရကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN