(မှုခင်း) ဇန်နဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ စက်မှုဇုံ၊ “ဖိုးလပြည့်” ဆေးရိုးစက်လုပ်ငန်းဝင်းအတွင်းရှိ အလုပ်သမားတန်းလျား၌ ယနေ့နံနက် ၇ နာရီ ၁၅ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၃၈ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မီးလောင်မှုဖြစ်စဥ်တွင် “ဖိုးလပြည့်”ဆေးရိုးစက်လုပ်ငန်းဝင်းအတွင်းရှိ အလုပ်သမားတန်းလျားတွင် နေထိုင်သည့် ဦးအောင်နိုင်လင်း၏ နေအိမ်၌ အောက်ခံခွက်မပါဘဲ ခြင်ဆေးခွေ ထွန်းထားရာမှ အနီးရှိထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် နေအိမ် ၄ လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး၊ မီးပေါ့ဆစွာသုံးစွဲခဲ့သူ ဦးအောင်နိုင်လင်း အား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews