(စီးပွားရေး) ဇန်နဝါရီ ၂၁
ယခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ ကျော်လွန်နိုင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကနေ သိရပါတယ်။
လက်ရှိမှာ ယခုဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ နှစ်နိုင်ငံကုန်သွယ်မှု တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ရရှိထားပြီး ဖြစ်သည်ဟု သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံကို ပဲမျိုးစုံ၊ ရော်ဘာ၊ ငါး၊ ချုပ်ပြီး အထည်ချုပ်များကို အများဆုံးတင်ပို့နေကာ အိန္ဒိယနိုင်ငံမှ ဆေးဝါး၊ ရေနံထွက်ကုန်ပစ္စည်းများ၊ လျှပ်စစ်နှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများကို အဓိက တင်သွင်းနေတယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအတွင်း စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၇၈၃ သန်း နီးပါးမြှုပ်နှံထားကာ မြန်မာနိုင်ငံဟာ ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံများအနက်အဆင့် (၁၁) နေရာမှာ ရှိနေကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews