အင်ဒိုနီးရှားနိုင်ငံ၌ စွမ်းအင်ဆိုင်ရာ စီမံကိန်း ၃၇ ခု စတင်ဆောင်ရွက်


(နိုင်ငံတကာ) ဇန်နဝါရီ ၂၁

အင်ဒိုနီးရှားနိုင်ငံ၏ စွမ်းအင်သုံးစွဲမှုဖူလုံရေး ကြိုးပမ်းမှုအဖြစ် စွမ်းအင်ဆိုင်ရာ စီမံကိန်း ၃၇ ခုကို သမ္မတ ပရာဘိုဝို ဆူဘီရန်တို က ဇန်နဝါရီလ ၁၉ ရက်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၎င်းစီမံကိန်းများအရ နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား ၃ ဒသမ ၂ ဂီဂါဝပ် ထုတ်လွှတ်နိုင်သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၆ ခု အပါ အဝင် ဓာတ်အားပို့လွှတ်ရေး ကွန်ရက် ၁၁ ခုနှင့် ဓာတ်အားခွဲရုံများကို ပြည်နယ် ၁၈ ခုတွင် တည်ဆောက်မည်ဟု အနောက်ဂျာဗားပြည်နယ် ဆူမီဒန်တွင် ကျင်းပသည့် စွမ်းအင်ဆိုင်ရာ စီမံကိန်းများ စတင်ဆောင်ရွက်သည့် စွမ်းအင် ဆိုင်ရာ စီမံကိန်းများ စတင်ဆောင်ရွက်သည့်အခမ်းအနားတွင် သမ္မတ ပရာဘိုဝို ဆူဘီရန်တို က ပြောကြားသည်။

ယခု ဆောင်ရွက်ချက်သည် အစိုးရ၏ စဉ်ဆက်မပြတ် စွမ်းအင်အသွင် ကူးပြောင်းရေးကြိုးပမ်းချက်ဖြစ်ပြီး အမျိုးသားစွမ်းအင်အရင်းအမြစ်များကို မြှင့်တင်တည်ဆောက်ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြား သည်။

စွမ်းအင်ဆိုင်ရာ စီမံကိန်းများဆောင်ရွက်ခြင်းသည် အင်ဒိုနီးရှားနိုင်ငံအား ထိပ်တန်းစက်မှုနိုင်ငံအဖြစ် ပြောင်းလဲရန် ဆောင်ရွက်ချက်ဖြစ်ပြီး နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေးရှု၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် စွမ်းအင်ကဏ္ဍသည် အဓိကကျသည့် အခန်း ကဏ္ဍမှ ပါဝင်နေကြောင်း ၎င်းက ပြောကြားသည်။ ယခုဆောင်ရွက်ချက်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် သမ္မတ ပရာဘိုဝို ဆူဘီရန်တို့ ဦးဆောင်သည့် ရုပ်ကြွင်းလောင်စာမှ ပြန်လည်ပြည်ဖြိုးမြဲ စွမ်းအင်သုံးစွဲမှု မြှင့်တင်ရေး အမြော်အမြင်ကြီးမားသည့် ဆောင်ရွက်ချက်ဖြစ်ကြောင်း စွမ်းအင်နှင့်သတ္တုအရင်းအမြစ်ဝန်ကြီး ဗီလာလာဟာ ဒါလီယာက ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN