သမ္မတဟောင်း ဘိုင်ဒန်က ရာထူးက မဆင်းမှီ မိသားစုဝင်များကို လွတ်ငြိမ်းချမ်းသာပေး


(နိုင်ငံတကာ) ဇန်နဝါရီ ၂၁

အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်သည် ရာထူးမှမဆင်းမှ မိနစ်ပိုင်းအလိုတွင် မိသားစုဝင်များကို လွတ်ငြိမ်းချမ်းသာပေးခဲ့ကြောင်းသိရသည်။

အဆိုပါလွတ်ငြိမ်းချမ်းသာခွင့်သည် သမ္မတသစ် ထရမ့်၏ ကျမ်းကျိန်ပွဲသို့ ရောက်ရှိနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

သမ္မတဟောင်းဘိုင်ဒန်၏ ညီအစ်ကို ၂ ဦး အစ်မတစ်ဦးနှင့် မိသားစုဝင်များအား အမှုမှ ကင်းလွတ်ခွင့်ပေးခဲ့သည်။

ထို့အပြင် သမ္မတဘိုင်ဒန်သည် ပြီးခဲ့သည့် လပိုင်းကလည်း သေနတ်နှင့်အကောက်အခွန် ဥပဒေများကြောင့် တရားရင်ဆိုင်နေရသည့် သားဖြစ်သူ ဟန်တာဘိုင်ဒန်ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီးဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

PAN