(နိုင်ငံတကာ) ဇန်နဝါရီ ၂၁
အမေရိကန် သမ္မတသစ်ဒေါ်နယ်ထရမ့်သည် သမ္မတအဖြစ်ကျမ်းကျိန်ပြီးသည်နှင့် အမေရိကန် လူဝင်မှုကြီးကြပ်ရေး တရားရုံး၏ ယာယီ အကြီးအကဲနှင့် အခြား ထိပ်တန်း အရာရှိ သုံးဦးကို ရာထူးမှထုတ်ပယ်ခဲ့ကြောင်းသိရသည်။
ထရမ့်သည် အမေရိကန်သို့ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူများအား ကိုင်တွယ်မည့် ရွေးကောက်ပွဲကတိအတိုင်း လူဝင်မှုကြီးကြပ်ရေး တရားရုံးအကြီးအကဲအား စတင်ထုတ်ပယ်ခဲ့သည်။
ထို့အပြင် ထရမ့်သည် အမေရိကန်နိုင်ငံအတွင်း တရားမဝင် ရွှေ့ပြောင်းအခြေချသူများအား မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မည့် အစီအစဉ်ကိုလည်း အကောင်အထည်ဖော်ရန် ကြိုးပမ်းနေကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews