ကက်သုတ်ကြေးနီ ၃၀၀ မက်ထရစ်တန်ကို အိတ်ဖွင့်တင်ဒါခေါ်ယူ


(စီးပွားရေး) ဇန်နဝါရီ ၂၁

ပြည်တွင်းရှိ ကြေးနီကုန်ကြမ်းသုံးကုမ္ပဏီများနှင့် အသေးစား၊ အငယ်စား၊ အလတ်စား (MSME) စက်မှုလက်မှု လုပ်ငန်းရှင်များသို့ ကက်သုတ်ကြေးနီ ၃၀၀ မက်ထရစ်တန်အား 1 Lot လျှင် ၁၀ မက်ထရစ်တန်စီနဲ့ 30 Lots ခွဲကာ “မြန်မာကျပ်ငွေ” နဲ့ အိတ်ဖွင့်တင်ဒါ ခေါ်ယူရောင်းချမည်ဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

အဆိုပါ ကက်သုတ်ကြေးနန်းရဲ့ ကြမ်းခင်းဈေးနှုန်းမှာ တင်ဒါဖွင့်လှစ်တဲ့နေ့၏ ကမ္ဘာ့သတ္တုပေါက်ဈေးနှုန်း (London Metal Exchange-LME)ပါ ကက်သုတ်ကြေးနီ တစ်မက်ထရစ်တန်ဈေးနှုန်း အပေါ်တွင် အခြေခံ၍ သတ်မှတ် မည်ဖြစ်သလို အဆိုပြုဈေးနှုန်းအား (LME + Premium) နဲ့ဖော်ပြရာတွင် အမေရိကန်ဒေါ်လာနဲ့ ရေးသားဖော်ပြရမှာ ဖြစ်ပြီး Premium ကြေးအများဆုံး ပေးသွင်းနိုင်တဲ့ အဆိုပြုတင်သွင်းသူကို တင်ဒါအောင်မြင်သူအဖြစ် သတ်မှတ်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကက်သုတ်ကြေးနီများကို ရန်ကုန်မြို့မှာ ထုတ်ယူရမည်ဖြစ်ပြီး၊ Mine Site မှ ရန်ကုန်မြို့သို့ သယ်ယူခ၊ တင်ချခစရိတ်များကို တင်ဒါအောင်မြင်တဲ့ ပြည်တွင်းရှိ ကြေးနီ ကုန်ကြမ်းသုံး ကုမ္ပဏီများနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းရှင်များမှ ကျခံရမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါတင်ဒါကို လာမည့် ဖေဖော်ဝါရီလ ၅ ရက်၊ နေလယ် ၁၂ နာရီတွင် ပိတ်မည်ဖြစ်ပြီး ညနေ ၃ နာရီမှာ အိတ်ဖွင့်တင်ဒါများ ဖွင့်ဖောက်မှာဖြစ်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက သတ္တုတွင်းဦးစီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၀၆၇-၃၄၀၉၃၇၈ နှင့် ၀၆၇-၃၄၀၉၃၇၂ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN