အမေရိကန်တွင် Tiktok ကို ခေတ္တပိတ်ပင်မှုဖြစ်ပွား


(နိုင်ငံတကာ) ဇန်နဝါရီ ၂၀

အမေရိကန်သည် Tiktok ကုမ္ပဏီအား အမျိုးသားလုံခြုံရေးကြောင့် တားမြစ်သည်ဟုဆိုကာ ဇန်နဝါရီလ ၁၉ ရက်နေ့က အမေရိကန်နိုင်ငံတွင် ပိတ်ပင်ခဲ့သည်။

အမေရိကန်တရားရုံးချုပ်၏ ထုတ်ပြန်ချက်အပြီးတွင် အမေရိကန်နိုင်ငံတဝှမ်းရှိ Tiktok အသုံးပြုမှုများနှင့် Tiktok ၏ မိခင်ကုမ္ပဏီ ByteDance လက်အောက်ခံ Apps များအား ချက်ချင်းပိတ်ပင်ခဲ့သည်။

အမေရိကန်၏ပိတ်ပင်မှုကြောင့် ကမ္ဘာတစ်ဝှမ်းရှိ Apple Apps Store နှင့် Android ဖုန်းများ၏ Google Play Store များက ByteDance လက်အောက်ခံ Apps များအား ဖြုတ်ချခဲ့သည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းက အမေရိကန်တွင် Tiktok အသုံးပြုသူ သန်း ၁၇၀ ကျော်မှာ အသုံးပြု၍မရခဲ့သော်လည်း ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ အာမခံမှုကြောင့် ၂၄ နာရီမပြည့်မီဝန်ဆောင်မှု ပြန်လည်အသုံးပြုနိုင်ကြောင်း Tiktok က အသုံးပြုသူများထံ သတိပေးချက်များ ပေးပို့ခဲ့သည်။

အမေရိကန်၏ ယခု ပိတ်ပင်မှုသည် သမိုင်းတွင် အချိန်အတိုဆုံး ပိတ်ပင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး လာမည့် နာရီပိုင်းအတွင်း သမ္မတထရမ့်ကျမ်းကျိန်ပြီးနောက် Tiktok ၏ အနာဂါတ်အား ဆက်လက်ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN