(နိုင်ငံတကာ) ဇန်နဝါရီ ၂၀
အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်၏ တစ်စိတ်တပိုင်းအဖြစ် အကျဉ်းသားလဲလှယ်မှုအဖြစ် အစ္စရေးက ပါလက်စတိုင်းနိုင်ငံရေးသမားများ တက်ကြွလှုပ်ရှားသူများနှင့် အကျဉ်သား ၉၀ ကျော်ကို လွှတ်ပေးခဲ့ကြောင်းသိရသည်။
လွတ်မြောက်လာသည့် ပါလက်စတိုင်းအကျဉ်းသားများက အစ္စရေးအကျဉ်းထောင်တွင် တိရိစ္ဆာန်များကဲ့သို့ ဆက်ဆံခံခဲ့ရပြီး ၎င်းတို့အနေဖြင့် ငရဲပြည်မှလွတ်မြောက်လာကြောင်း ပြောဆိုခဲ့သည်။
အဆိုပါ အကျဉ်းသားများသည် West Bank ရှိ Ofer အကျဉ်းထောင်တွင် ထိမ်းစိမ်းခံခဲ့ရခြင်းဖြစ်ပြီး ကြောက်မက်ဖွယ်အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရကြောင်းလွတ်မြောက်လာသူ Abdelaziz Atawneh Atawneh ကဆိုသည်။
“ကျွန်တော်တို့ ငရဲကလွတ်မြောက်ပါပြီ အခုကောင်းကင်ဘုံကိုရောက်နေပါပြီး”ဟု ၎င်းကဆိုသည်။
ဖမ်းဆီးခံ ပါလက်စတိုင်းအကျဉ်းသားများသည် လုံလောက်သည့် ဆေးဝါးကုမှုနှင့် အစားအသောက်ကို မရရှိခဲ့သည့်အပြင် အကျဉ်းထောင်ဝန်ထမ်းများက ဆိုးရွားစွာဆက်ဆံခြင်းကို ခံခဲ့ရကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews