စပိန် အပန်းဖြေစခန်းတစ်ခု ဓာတ်လှေကားပြိုကျပြီး လူပေါင်းများစွာ ဒဏ်ရာရ


(နိုင်ငံတကာ) ဇန်နဝါရီ ၂၀

စပိန်နိုင်ငံရှိ အပန်းဖြေစခန်းတစ်ခုတွင် နှင်းလျှောစီးသည့် ဓာတ်လှေကားပြိုကျခဲ့ခြင်းကြောင့် လူ ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

Pyrenees တောင်တန်းရှိ Astun နှင်းလျှောစီးအပန်းဖြေစခန်းတွင် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ ၃၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း Aragon အရပ်ဘက်ကာကွယ်စောင့်ရှောက်ရေးရုံးမှ ထုတ်ပြန်ထားသည်။

ဒဏ်ရာရသူများတွင် ၁၀ ဦးကို ဒေသဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ထားပြီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဦးစားပေးကုသရန် လိုအပ်ကြောင်းသိရသည်။

အဆိုပါ နှင်းလျှောစီးသည့် ဓာတ်လှေကားသည် ၄၉ ပေကျော်မြင့်ကြောင်း စပိန်မြို့ပြအစောင့်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဒေသစံတော်ချိန် ညနေ ၃ နာရီခန့်တွင် နှင်းလျှောစီးသည့် ဓာတ်လှေကားပြိုကျမှုကြောင့် ပိတ်မိနေသူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN