(ပြည်တွင်း) ဇန်နဝါရီ ၁၉
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ (သဘောရေးဖြေ) ဖြေဆိုပွဲကို ဇန်နဝါရီလ ၁၈ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။
(၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ(သဘောရေးဖြေ)ပွဲ၌ အဘိဓမ္မာ (ဒုတိယပိုင်း)တွင် စာရင်းသွင်းသံဃာတော် လေးပါးရှိပြီး ဖြေဆိုသံဃာတော်လေးပါး၊ အဘိဓမ္မာ(ပထမပိုင်း)တွင် စာရင်းသွင်းသံဃာတော် ၁၇ ပါးရှိပြီး ဖြေဆိုသံဃာတော် ၁၅ ပါး၊ ဒီဃနိကာယ်ကျမ်းတွင် စာရင်းသွင်းသံဃာတော် ၃၈ ပါးရှိပြီး ဖြေဆိုသံဃာတော် ၃၅ ပါး၊ ဝိနည်း(ပထမပိုင်း)တွင် စာရင်းသွင်းသံဃာတော် ၁၂၆ ပါးရှိပြီး ဖြေဆိုသံဃာတော် ၁၁၃ ပါးတို့ ဖြေဆိုခဲ့တာဖြစ်ပါတယ်။
အဆိုပါ (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်အထိ ၃၃ ရက်တိုင်တိုင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပလျက်ရှိနေတာ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews