နှစ် ၂၀ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးစာချုပ် ရုရှားသမ္မတ နှင့် အီရန်သမ္မတ တို့ လက်မှတ်ရေးထိုး


(နိုင်ငံတကာ) ဇန်နဝါရီ ၁၉

ရုရှားသမ္မတ ပူတင် နှင့် အီရန်သမ္မတ မာဆွတ်ပီဇက်ရှ်ကီရမ် တို့သည် ဇန်နဝါရီလ ၁၇ ရက်တွင် ရုရှား-အီရန် နှစ် ၂၀ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရသည်။

အဆိုပါ နှစ် ၂၀ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးစာချုပ်အရ ရုရှားနှင့်အီရန်တို့သည် လုံခြုံရေးနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်မည်ဖြစ်သည်။

ယင်းအပြင် နှစ် ၂၀ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်အရ ရုရှားနှင့်အီရန်တို့အနေဖြင့် စစ်ရေးခြိမ်းခြောက်မှုများကို တုံ့ပြန်ရေးနှင့် ပူးပေါင်းဆောင်ရွက် မည်ဖြစ်သည်။

ရုရှားနှင့်အီရန်တို့၏ နှစ် ၂၀ မဟာဗျူဟာမြောက်ဆက်ဆံရေး မိတ်ဖက်စာချုပ်သည် အနောက်အုပ်စုနိုင်ငံများ စိုးရိမ်ရမည့် စာချုပ်ဖြစ်လာနိုင်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။

သို့ရာတွင် အဆိုပါစာချုပ်တွင် ရုရှားနှင့်မြောက်ကိုရီးယားတို့ ပြီးခဲ့သည့်နှစ်အတွင်း ရယူခဲ့သော စာချုပ်ကဲ့သို့ အပြန်အလှန်နှစ်နိုင်ငံကြား စစ်ရေးအရ အပြန်အလှန် ကာကွယ်ရေးပြဋ္ဌာန်းချက် ပါဝင်မှုမရှိခဲ့ကြောင်း သိရသည်။

အီရန်သမ္မတ မာဆွတ်ပီဇက်ရှ်ကီရမ် သည် သမ္မတရာထူးရရှိပြီးနောက်ပိုင်း ပထမဆုံးရုရှားခရီးစဉ်အဖြစ် မော်စကိုမြို့သို့ ရောက်ရှိနေပြီး ဇန်နဝါရီလ ၁၇ ရက်တွင် ရုရှားသမ္မတ ပူတင် နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN