(အားကစား) ဇန်နဝါရီ ၁၉
မြန်မာ-ထိုင်းနယ်စပ်ရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှစ်နိုင်ငံပူးပေါင်း တိုက်ဖျက်သွားရန် ထိုင်းနိုင်ငံနှင့် မြန်မာအစိုးရတို့အကြား သဘောတူခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်က ဘန်ကောက်မြို၌ ပြုလုပ်သော (၅)ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများအစည်းဝေးတွင် သဘောတူခဲ့ခြင်းဖြစ်သည်ဟု Bangkok Post က ဖော်ပြထားခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မြန်မာအစိုးရဘက်မှ ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီး Prasert Jantararauangtong နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းကြောင်း သိရသည်။
၎င်းတို့၏ ဆွေးနွေးမှုတွင် အွန်လိုင်းလိမ်လည်ရေးဂိုဏ်းများသည် အရေးတကြီး ဖြေရှင်းရမည့် ပြဿနာများဖြစ်ကြောင်း၊ အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများ သည်လည်း ဘေးကင်းလုံခြုံသော ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်ကို ဖန်တီးရန် ပိုမို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်ဟု Bangkok Post က ဆိုထားသည်။
လက်ရှိတွင် တရုတ်မင်းသား၊ မော်ဒယ်အပါအဝင် တရုတ်လူမျိူးအချို ထိုင်း-မြန်မာနယ်စပ်၌ လူကုန်ကူးခံရမှုများဖြစ်ပေါ်ခဲ့ပြီးနောက် ကျားဖြန့်လိမ်လည်ရေးလုပ်ငန်း တိုက်ဖျက်ရေးသည် ဒေသတွင်းနိုင်ငံများ ဦးစားပေးကိုင်တွယ်ရမည့် ကိစ္စတခု ဖြစ်လာသည်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌လည်း မြဝတီရှိ ကျားဖြန့်လုပ်ငန်းများသို့ သွားရောက်လုပ်ကိုင်ခြင်းမပြုလုပ်ကြရန် ထိုင်း၊ တရုတ်၊ အင်္ဂလိပ်ဘာသာတို့ဖြင့် သတိပေးဆိုင်းဘုတ်များ စိုက်ထူထားရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews