(ပြည်တွင်း) ဇန်နဝါရီ ၁၉
လက်ရှိဇန်နဝါရီလ ၂၉ ရက်တွင်ရောက်ရှိမည့် တရုတ်နှစ်သစ်ကူးနေ့ကို ကြိုဆိုသည့်အနေဖြင့် တရုတ် နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ပွဲဈေးကို ရန်ကုန်မြို့၊ လသာမြို့နယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော် ကျင်းပရေးကော်မတီထံမှ သိရပါတယ်။
အဆိုပါဈေးရောင်းပွဲတော်တွင် လူသုံးကုန်၊ အလှကုန်၊ အစားအသောက်မျိုးစုံကို ဆိုင်ခန်းများဖွင့်လှစ်ရောင်းချ ပေးသွားမှာဖြစ်ပြီး ခြင်္သေ့နဂါးအလှအကပြိုင်ပွဲများ၊ နာမည်ကြီး DJ များ၏ ဖျော်ဖြေတင်ဆက်မှု၊ အနုပညာရှင်များရဲ့ ဖျော်ဖြေတင်ဆက်မှု၊ အပျော်စီးလှေ၊ ကလေးကစားကွင်းများ၊ အလှဓာတ်ပုံရိုက်ရန်နေရာများကိုပါ စီစဉ်ထားရှိပေးမှာ ဖြစ်လို့ တရုတ်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်ပွဲဈေးသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ထားရှိပါတယ်။
ပွဲဈေးကို မဟာဗန္ဓုလလမ်းမကြီး လမ်းမတော်လမ်းမှ လသာလမ်းတစ်လျှောက် ဇန်နဝါရီလ ၂၅ ရက်မှ ၃၁ ရက်အထိ နေ့စဉ်နံနက် ၇ နာရီမှ နေ့လယ် ၁၁ နာရီနှင့် ညနေပိုင်း ၄ နာရီမှ ည ၁၁ နာရီထိ (၇)ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပါတယ်။
ဈေးပွဲတော်တွင် ပါဝင်ရောင်းချလိုသည့် မည်သူမဆို ပွဲတော်ကျင်းပရေးကော်မတီ ၀၉ ၆၈၈၂၃၇၇၉၉ ၊ ၀၉ ၇၆၅၀၃၁၀ ၉၇ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews