(စီးပွားရေး) ဇန်နဝါရီ ၁၈
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သီလဝါဆိပ်ကမ်းဧရိယာရဲ့ အကွက်အမှတ်(၂၅)နဲ့ (၂၆)တို့ရှိ TMIT ဆိပ်ကမ်း တံတားအား ဘဏ္ဍာရေးနှင့် ဆိပ်ကမ်းဝန်ဆောင်မှုဆိုင်ရာ ရည်မှန်းချက်များကို အောင်မြင်စွာပူးပေါင်း အကောင် အထည်ဖော်နိုင်ရန်ရည်ရွယ်၍ နှစ်ရှည်လုပ်ငန်းလည်ပတ်စီမံခန့်ခွဲခွင့်ကို တင်ဒါခေါ်ယူထားကြောင်း သိရပါတယ်။
အဆိုပါဆိပ်ကမ်းတံတားကို လုပ်ငန်းအတွေ့အကြုံနဲ့ နည်းပညာပြည့်စုံသော ပြည်တွင်း/ပြည်ပက ဆိပ်ကမ်းတံတားဝန်ဆောင်မှု ကုမ္ပဏီကြီးတွေထဲမှ တင်ဒါစည်းကမ်း တွေနဲ့ အမြင့်ဆုံးကိုက်ညီမှုရှိတဲ့ ကုမ္ပဏီတစ်ခုကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ပွင့်လင်းမြင်သာစွာစိစစ်ရွေးချယ်ပြီး လုပ်ပိုင်ခွင့်ဆိုင်ရာသဘောတူစာချုပ်ကို နှစ်ဖက်ချုပ်ဆိုကာ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်ထားပါတယ်။
စိတ်ပါဝင်စားတဲ့ ဆိပ်ကမ်းလုပ်ငန်းအတွေ့အကြုံရှိ ကုမ္ပဏီကြီးတွေအနေနဲ့ တင်ဒါအဆိုပြုလွှာများကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးချုပ်မှာ ဇန်နဝါရီလ ၂၀ ရက်မှ ဖေဖော်ဝါရီလ ၁၈ ရက်အထိ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး တင်ဒါအဆိုပြုလွှာများကို ဖေဖော်ဝါရီလ ၂၀ ရက် မွန်းလွဲ ၁ နာရီနောက်ဆုံးထားကာ ပြန်လည်တင်သွင်းရမှာ ဖြစ်ပါတယ်။
အသေးစိတ်သိရှိလိုပါက ဖုန်း ၀၁-၈၃၉၁၂၇၂၊ ၀၁-၈၃၉၁၂၇၃၊ ၀၉-၅၁၄၆၆၃၇ နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် E-mail လိပ်စာများသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews