(မှုခင်း) ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ နယ်မြေ(၄)၊ အာရှဘဏ်လမ်း၌ ယမန်နေ့နံနက် ၁၀ နာရီကျော်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဥ်တွင် စတင်ဖြစ်ပွားသောအိမ်မှာ ဦးတက်တိုး(ခ)ဦးစန်းညို၏ နေအိမ်ရှေ့တွင် သွပ်မိုး၊ ထရံကာ၊ တမံတလင်းခင်း၊ မြေစိုက်တဲဖြင့်နေထိုင်သည့် ဦးစိုးထိုက်၊၄၆ နှစ်၊ (ဘ)ဦးတက်တိုး(ခ)ဦးစန်းညို၊ တိုင်းရင်းဆေးဆရာ၊ နယ်မြေ(၄)၊ မှန်တန်းရပ်ကွက်နေထိုင်သူ၏ နေအိမ်တွင်ဘထ္ထရီအိုးမှ နှစ်ပင်လိမ်ဝါယာကြိုးဖြင့် LED မီးသီး မီးထွန်းရာမှ မီးသီးရှော့ဖြစ်ပြီး စာရွက်ပုံပေါ်ကျရောက်၍ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ဦးစိုးထိုက်၊ ၄၆ နှစ်၊(ဘ)ဦးတက်တိုး(ခ)ဦးစန်းညို၊ တိုင်းရင်းဆေး ဆရာနေထိုင်သည့် ၂၂×၁၁ ပေ၊ သွပ်မိုး၊ ထရံကာ၊ တမံတလင်းခင်း အဖီဆွဲအခန်း ၁ ခန်းအပါဝင် နေအိမ် ၄ လုံး၊ အိမ်ခန်း ၁ ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ မီးပေါ့ဆစွာသုံးစွဲသူ ဦးစိုးထိုက်အား ဥပဒေအရအရေးယူထားကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews