(ကျန်းမာရေး) ဇန်နဝါရီ ၁၈
(၅၃)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံအကြို လှုပ်ရှားမှုအဖြစ် တီဘီဆေးသစ် များ၏ ဆေးယဉ်ပါးမှုနှင့် ဆေးယဉ်ပါးတီဘီမျိုးဗီဇ ဓာတ်ခွဲစမ်းသပ်မှုနည်းပညာဆိုင်ရာများကို ဇန်နဝါရီလ ၁၆ ရက်မှ ၁၇ ရက်အထိ တီဘီဆေးသစ်များ၏ ဆေးယဉ်ပါးမှုနှင့် ဆေးယဉ်ပါး တီဘီမျိုးဗီဇ ဓာတ်ခွဲစမ်းသပ်မှု နည်းပညာဆိုင်ရာ များကို အဆင့်မြင့်မော်လီကျူးသုတေသနဌာန၌ စာတွေ့လက်တွေ့ သင်ကြားပြသခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါသင်ကြားပြသမှုကို ဆေးသုတေသနဦးစီး ဌာနသုတေသီများ၊ မြန်မာနိုင်ငံအမျိုးသားတီဘီ တိုက်ဖျက် ရေးစီမံကိန်းမှ ပညာရှင်များက ကိုရီးယားသမ္မတနိုင်ငံမှ ပညာရှင်များဖြစ်သော Dr. Jong Seok Lee, Senior Scientist, International Tuberculosis Research Center၊ Prof. Jaehun Cheong, Professor/Head, Pusan National University၊ Prof. Eun Taek Han, Professor/Head, Pusan National University တို့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC)နှင့် အမျိုးသားမှီငြမ်းပြုတီဘီဓာတ်ခွဲခန်းတို့မှ ပြည်သူ့ကျန်းမာရေးနှင့် ဓာတ်ခွဲဘက်ဆိုင်ရာဆရာဝန်များ၊ သုတေသီနှင့် ဓာတ်ခွဲကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews