“အနောက်နိုင်ငံများမှ ကုမ္ပဏီများက ရုရှားနှင့်ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်လုပ်ဆောင်ရန် ဆန္ဒရှိနေ”

(နိုင်ငံတကာ) ဇန်နဝါရီ ၁၇

ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်လုပ်ဆောင်လိုကြောင်း အနောက်နိုင်ငံများမှ စီးပွားရေး လုပ်ငန်းများ၏အချက်ပြ ပြောဆိုမှုများ လက်ခံရရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ရှိ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနမှ ညွှန်ကြားရေးမှူး ဒီမစ်ထရီ ဘီရီချက်စကီက ပြောသည်။

ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် အနောက်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းများအတွက် အရေးပါကြောင်းကို တွေ့ရှိ ရပြီး ရုရှားအနေဖြင့် ၎င်းစီးပွားရေးလုပ်ငန်းများနှင့် ထိရောက်ပြီး အပြန်အလှန်အကျိုးပြုသည့် ပူးပေါင်းဆောင်ရွက် မှုများ လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ ရုရှားအစိုးရအနေဖြင့် တွေ့ဆုံဆွေးနွေးရန် လမ်းဖွင့်ထားကြောင်း ဒီမီထရီ ဘီရီချက်စကီ က Sputnik သတင်းစာနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောသည်။

အနောက်နိုင်ငံများမှ ကုမ္ပဏီများအနေဖြင့် ရုရှားဈေးကွက်အတွင်းသို့ ပြန်လည်ဝင်ရောက်လိုသည်ဟူသော အချက်ပြမှုများတွေ့မြင်ရကြောင်း၊ ၎င်းကုမ္ပဏီများအနေဖြင့် ရုရှားဈေးကွက်အတွင်းသို့ ပြန်လည်ဝင်ရောက်လို ကြောင်း၊ သို့သော် အခြေအနေအသစ်များအပေါ် မူတည်၍ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် က ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ပြောကြားခဲ့သည်။

ထို့ပြင် ရုရှားနိုင်ငံအနေဖြင့် ဥရောပသို့ ဓာတ်ငွေ့ ပြန်လည်ထောက်ပံ့ပေးရန် အသင့်ရှိကြောင်း၊ သို့သော် ထိုသို့ ထောက်ပံ့ပေးမည့်အလားအလာသည် ဝယ်ယူမည့် နိုင်ငံအပေါ် မူတည်ကြောင်း ရုရှားအစိုးရက ဆက်လက်ပြောကြားခဲ့သည်။

#PAN #ရုရှားနိုင်ငံ #အနောက်နိုင်ငံများမှစီးပွားရေးလုပ်ငန်းများ