(ပြည်တွင်း) ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ကျိုင်းဖောင်းရေပူစမ်း၊ မြရွှေရည်ရေပူအပန်းဖြေစခန်းသို့ လက်ရှိ ဆောင်းရာသီကာလအတွင်း လာရောက်အပန်းဖြေ လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရပါတယ်။
အဆိုပါအပန်းဖြေစခန်းက ကျိုင်းတုံ-တောင်ကြီးကားလမ်းမကြီးဘေး ကျိုင်းဖောင်းချောင်းအနီးမှာ တည်ရှိကာ သဘာဝအလျောက်တည်ရှိနေတဲ့ ရေပူစမ်းတစ်ခုဖြစ်ပြီး တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက အများပြည်သူများ လာရောက်အပန်းဖြေနိုင်စေရန် ရေချိုးခန်းများ ဆောင်ရွက်ထားရှိလျက်ရှိပါတယ်။
လက်ရှိဆောင်းရာသီကာလတွင် အဆိုပါ ရေပူစမ်းမှာ ဒေသထွက် အစားအစာများရောင်းချခြင်း၊ သဘာဝ ရေပူစမ်းဖြင့် ကြက်ဥ၊ ငုံးဥ၊ ပြောင်းဖူးများ ပြုတ်စားခြင်းနှင့် ရေပူစမ်းကွင်းပြင်ရှိ မြက်ခင်းပြင်တွင် စိတ်အေးချမ်းသာစွာ လာရောက်အပန်းဖြေ လည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရပါတယ်။
#PAN #ကျိုင်းဖောင်းရေပူစမ်း #ရှမ်းပြည်နယ်(အရှေ့ပိုင်း)