“ကမ်းနီနှင့် ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်းများမှ နွေစပါးနှင့်အခြားသီးနှံ ဧကပေါင်း ၁,၃၀၀ စိုက်ပျိုးရေပေး‌ဝေမည် ”

(ပြည်တွင်း) ဇန်နဝါရီ ၁၇

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) လက်အောက်ရှိ ကမ်းနီလျှပ်စစ်မြစ်ရေတင်လုပ်ငန်းနှင့် ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်း နှစ်ခုမှ ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီမှာ နွေစပါးနှင့်အခြားသီးနှံ ဧကပေါင်း ၁,၃၀၀ အတွက် စိုက်ပျိုးရေများကို စတင်ဖြန့်ဝေ ပေးသွားမယ်လို့ သိရပါတယ်။

အခုလိုစိုက်ပျိုးရေများပေးဝေပေးရာတွင် ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီမှာ နွေစပါး၊ နွေနှမ်း၊ နွေပဲတီစိမ်း၊ ဖူးစားပြောင်းနဲ့ အခြားသီးနှံများအတွက် စိုက်ပျိုးရေကို ဇန်နဝါရီလ ၂၅ ရက်မှ စတင်ပြီး ရေပေးဝေသွားမှာဖြစ်ပါတယ်။

အခုလို စိုက်ပျိုးရေကို ရာသီမရွေး လုံလောက်စွာပေးဝေနိုင်ရန်အတွက် မီတာယူနစ် ကုန်ကျစရိတ်သက်သာအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ပံ့ပိုးမှုနဲ့ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဓာတ်အားပေးစနစ်ကို အဆင့်မြှင့်တင်ပြီး ဆောင်ရွက်ပေးထားခြင်းကြောင့် ဒေသခံတောင်သူများရဲ့ စိုက်ပျိုးရေးကဏ္ဍကို အထောက်အကူပြုကာ များစွာ အကျိုး ဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။

မင်းဘူး(စကု)မြို့နယ်၌ အဆိုပါ လျှပ်စစ်ရေတင်လုပ်ငန်းနှစ်ခုမှ ယခင်နှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါး ၃၇၈ ဧကနှင့် အခြားသီးနှံ ၉၄၆ ဧကကို စိုက်ပျိုးရေများအောင်မြင်စွာ ပေးဝေနိုင်ခဲ့ကြောင်း၊ အလားတူ ၂ဝ၂၄-၂ဝ၂၅ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါး ဧက ၃၉၀ နှင့် အခြားသီးနှံ ဧက ၉၁၀ စုစုပေါင်း ဧက ၁,၃၀၀ ကို လျာထား စိုက်ပျိုးသွား မည်ဖြစ်ပြီး စိုက်ပျိုးရေများလုံလောက်စွာ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

#PAN #လျှပ်စစ်မြစ်ရေတင် #မင်းဘူး(စကု)မြို့နယ် #နွေသီးနှံ