Tiktok ကို ကယ်တင်ရန် ထရမ့်ကြိုးစားနေဟုဆို

(နိုင်ငံတကာ) ဇန်နဝါရီ ၁၆

Tiktok ၏ အမေရိကန် ဌာနခွဲအား ရောင်းချရန် သို့မဟုတ် တားမြစ်ပိတ်ပင်သည့် ဥပဒေမှ ကယ်တင်နိုင်ရန် ကြိုးစားနေကြောင်း အနောက်နိုင်ငံသတင်းရင်းမြစ်များက ဖော်ပြသည်။

Tiktok ၏ အနာဂါတ်နှင့်ပတ်သက်၍ ဆုံးဖြတ်ရန် နီးကပ်လာသည်နှင့်အမျှ အမေရိကန်အစိုးရနှင့် ချမ်းသာကြွယ်ဝသူများအကြား ပိုမိုရေပန်းစားသည့် သတင်းဖြစ်ပေါ်လျက်ရှိသည်။

ထရမ့်နှင့် နီးစပ်သူ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး အီလွန်မက်၏ X ကုမ္ပဏီနှင့် ပူးပေါင်းသွားမည့် သတင်းနှင့် အမေရိကန် Youtuber ဖြစ်သူ MrBeast ကလည်း ဝယ်ယူလိုကြောင်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။

Tiktok အနေဖြင့် အမေရိကန်တွင် ဆက်လက်ရပ်တည်လိုပါက မိခင် ByteDance ကုမ္ပဏီမှခွဲထွက်ပြီး အမေရိကန်လုပ်ငန်းရှင်တစ်ဦးထံရောင်းချကာ အမေရိကန်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် လုပ်ဆောင်ရမည်ဖြစ်သည်။

ထရမ့်အနေဖြင့် Tiktok အနာဂါတ်နှင့်ပတ်သက်၍ တရားရုံးအမိန့်အား ရပ်တန့်ရန် အခွင့်အာဏာရှိမရှိ မသိရသေးသော်လည်း ကာကွယ်နိုင်မည်ဆိုပါက Tiktok သုံးစွဲသူများအကြား သူရဲကောင်းဖြစ်လာနိုင်ကြောင်း ဆိုရှယ်မီဒီယာလေ့လာနေသူတစ်ဦးဖြစ်သူ Syracuse တက္ကသိုလ်မှ ဆက်သွယ်ရေးဆိုင်ရာ တွဲဖက်ပါမောက္ခ Jennifer Grygiel ကဆိုသည်။

#PAN #TikTok #ထရမ့်