(နိုင်ငံတကာ) ဇန်နဝါရီ ၁၆
အီရန် ဥပဒေစိုးမိုးရေးကွပ်ကဲမှုအဖွဲ့ပိုင် အပေါ့စားလေ့ကျင့်ရေးလေယာဉ်တစ်စီးပျက်ကျခဲ့ပြီး ၃ ဦးသေဆုံးခဲ့ကြောင်းသိရသည်။
အီရန်နိုင်ငံမြောက်ပိုင်း Gilan ပြည်နယ်တွင် ယမန်နေ့ (ဗုဒ္ဓဟူး) ဒေသစံတော်ချိန် နံနက် ၁၀ နာရီခန့်တွင် ပျက်ကျခဲ့ပြီး လေယာဉ်မှူး တွဲဖက်လေယာဉ်မှူးနှင့် စက်မှုအင်ဂျင်နီယာတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။
အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုအဖွဲ့အကြီးအကဲ Jamshid Mohammadi က အခင်းဖြစ်ပွားချိန်တွင် အရေးပေါ် ဆေးတပ်ဖွဲ့များ ချက်ချင်းစေလွှတ်ခဲ့သော်လည်း လေယာဉ်ပေါ်လိုက်ပါလာသူများက ပြင်းထန် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းဆိုသည်။
Gilan ပြည်နယ်ရဲချုပ်က လေယာဉ်သည် Sardar Jangal Rasht အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အီရန်မြို့တော် Tehran ရှိ Mehrabad အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းနေစဉ် ပျက်ကျခဲ့ပြီး နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် ပျက်ကျခဲ့ကြောင်း ၎င်းကဆိုသည်။
#PAN #အီရန်ရဲတပ်ဖွဲ့ #လေ့ကျင့်ရေးလေယာဉ်ပျက်ကျ #အီရန်မြို့တော်