(မှုခင်း) ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ပုသိမ် – မုံရွာကားလမ်းဘေးရှိ ဆင်လူးကျေးရွာရှိ အရပ်သားပြည်သူများအား PDF အကြမ်းဖက်များမှ ပြန်ပေးဆွဲခြင်း အတင်းအဓမ္မဖမ်းဆီးခြင်း ကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ခြင်းတို့ကြောင့် ၃ လအတွင်း အရပ်သား ၈ ဦးထက်မနည်းသေဆုံးထားသည်ဟု ဒေသခံများထံမှ သိရသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့ မနက်ပိုင်းက ဆင်လူးကျေးရွာပေါ်သို့ အကြမ်းဖက် PDF များ၏ ဒရုန်းများရောက်ရှိလာပြီး ဗုံး အလုံး ၃၀ ခန့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သညိ့်အတွက် အရပ်သားပြည်သူတစ်ဦးထပ်မံ သေဆုံးခဲ့ရကြောင်း သိရသည်။
ဒရုန်းများပျံတက်လာရာလမ်းကြောင်းကို လုံခြုံရေးအဖွဲများမှ လိုက်လံရှင်းလင်းစဉ် ဒေသအခေါ် အေရှားဝေါပေါက်နေရာမှ မိုင်းထောင်၍ ခြုံခိုတိုက်ခိုက်ရန်စောင့်နေသည့် PDF များအား တိုက်ခိုက်ရှင်းလင်းရေးနည်းလမ်းများအတိုင်း ရှင်းလင်းခဲ့သည့်အတွက် ထောင်ထားမိုင်းများအားခွဲယူ၍ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ၊ ဆင်လူးကျေးရွာသည် စလင်းနယ်စပ် ၊ စေတုတ္တရာနယ်စပ် ပြည့်သူ့စစ်ကျေးရွာဖြစ်ပြီး ၂၀၁၅ ၊ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီမှ မဲအပြတ်အသတ်ဖြင့် ရှုူံးနိမ့်ခဲ့သည့်အတွက် ယင်းအညှိုးဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံများကပြောဆိုထားသည်။
#ရွေးကောပ်ပွဲရှုံး #ဆင်လူး #ပွင့်ဖြူ #PDF #အရပ်သားသတ်ဖြတ်ခံရ