(မှုခင်း)ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး ၊မဟာအောင်မြေမြို့နယ်၊မဟာအောင်မြေအနောက်ရပ်ကွက်၊ အကွက်(၅၁၂)ရှိ နေအိမ်တစ်အိမ်တွင် တရားခံပြေးတစ်ဦးဖမ်းဆီးရမိကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်၆နာရီခွဲ အချိန်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀ (ည) ဖြစ်အရေးယူထားစဉ် ထွက်ပြေးတိမ်းရှောင်သွားသည့် တရာခံပြေးတစ်ဦးပြန်လည်ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
(ပ)၁၆၅/၂၀၂၄ အမှုမှ တိမ်းရှောင်နေသော တရားခံပြေးတစ်ဦးဖြစ်သည့် ဆုစန္ဒီမွန်သည် မဟာအောင်မြေမြို့နယ်၊မဟာအောင်မြေအနောက်ရပ်ကွက်၊ အကွက်(၅၁၂)ရှိ ၎င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိနေကြောင်းသတင်းအရ သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက်ဖမ်းဆီးခဲ့ခြင်ဖြစ်ကြောင်း သိရသည်။
တရားခံပြေး ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ထားပြီး တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PAN #တရားခံပြေး #အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ