ဂျိုးဘိုင်ဒန်က သမ္မတသက်တမ်း နောက်ဆုံးမိန့်ခွန်းပြောကြား

(နိုင်ငံတကာ) ဇန်နဝါရီ ၁၆

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ၄ နှစ်တာ သမ္မတသက်တမ်း၏ နောက်ဆုံးမိန့်ခွန်းကို ပြောကြားထုတ်လွှင့်ခဲ့ကြောင်းသိရသည်။

ဘိုင်ဒန်၏ ဘဲဥပုံရုံးခန်းမှ နောက်ဆုံးပြောကြားခဲ့သည့် မိန့်ခွန်းတွင် အာဏာရှင်စနစ်၏ စိုးရိမ်ဖွယ်အခြေအနေများအား သတိပေးလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

၎င်းအနေဖြင့် မည်သူ့ကို ရည်ညွှန်းကြောင်းတိကျသည့် ပြောဆိုခဲ့ခြင်းမရှိသော်လည်း ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်နှင့် ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ အီလွန်မက်စ်တို့အား ရည်ရွယ်ကြောင်းထင်ရှားခဲ့သည်။

ယနေ့ခေတ်အမေရိကန်တွင် ဒီမိုကရေစီ အခြေခံရပိုင်ခွင်နှင့် လွတ်လပ်မှုများအား လွန်ကဲသော ချမ်းသာကြွယ်ဝမှု ဩဇာလွှမ်းမိုးမှုများက အမှန်တကယ်ခြိမ်းခြောက်နေကြောင်း ၎င်းကဆိုသည်။

“အမေရိကန်တွေဟာ အာဏာအလွဲသုံးစားလုပ်မှုကို ဖြစ်စေတဲ့ သတင်းမှားတွေနဲ့ မဟုတ်မမှန် လုပ်ကြံမှုတွေအောက်မှာ နစ်မြုပ်နေရပါတယ်။ လွတ်လပ်တဲ့ စာနယ်ဇင်းတွေက ပြိုပျက်နေပြီး” ဟု သူက ဆက်ပြောသည်။

ထို့အပြင် အမေရိကန်သမ္မတက Artificial Intelligence (AI) သည် အခွင့်အလမ်းကောင်းများ ပေးစွမ်းနိုင်သည့်အပြင် ကြီးမားသည့် အန္တရာယ်လည်းဖြစ်နိုင်ကြောင်း သတိပေးပြောဆိုခဲ့သည်။

#PAN #ဂျိုးဘိုင်ဒန် #အမေရိကန်သမ္မတ #နောက်ဆုံးမိန့်ခွန်း