“လာအိုရောက် မြန်မာများအတွက် CI ထုတ်ပေးရန် စီစဉ်”

 (နိုင်ငံတကာ)ဇန်နဝါရီ ၁၅

လာအိုနိုင်ငံမှာ ရောက်ရှိနေတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၆ သောင်းကို သက်သေခံလက်မှတ် CI ထုတ်ပေးနိုင်ရေး စီစဉ်နေတယ်လို့ အလုပ်သမားဝန်ကြီးဌာနကနေ သိရပါတယ်၊၊

အဆိုပါ သက်သေခံလက်မှတ် CI ထုတ်ပေးနိုင်ရေးအတွက် နေပြည်တော်မှာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နဲ့ လာအိုနိုင်ငံသံအမတ်ကြီး H.E Mr. Bounphieng CHANTHAVONG (မစ္စတာ ဗိုပီယမ် ချန်တာဗောင်) တို့ ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

လာအိုနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တာကြောင့် လာအိုနိုင်ငံမှာ မြန်မာရွှေ့ပြောင်း လုပ်ကိုင်သူ တွေရှိတဲ့နေရာမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၆ သောင်းခန့်ရှိတယ်လို့ ဆိုပါတယ်၊၊

အဆိုပါ အထောက် အထားမဲ့ မြန်မာနိုင်ငံသားတွေအတွက် ဝန်ကြီးဌာနတွေ ပူးပေါင်းပြီး နိုင်ငံသားစိစစ်တဲ့လုပ်ငန်းတွေကို e-ID စနစ်နဲ့ တိုက်ဆိုင်စစ်ဆေးပြီး ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် ထုတ်ပေးနိုင်ရေးကိစ္စရပ်တွေ၊ (OWIC) ကတ်ပြားထုတ်ပေးရေးကိစ္စရပ်တွေ၊ ဝန်ကြီးဌာနအနေနဲ့ အလုပ်အကိုင်ဖန်တီးပေးမှုတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက် ပေးနေမှု အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်၊၊

ဒါ့အပြင် မြန်မာရွှေ့ပြောင်းလုပ်သားတွေအရေးနဲ့ ပတ်သက်ပြီး မြန်မာ-လာအို နှစ်နိုင်ငံ အလုပ်သမားရေးရာ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလက လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့မှာ မြန်မာနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနနဲ့ လာအိုနိုင်ငံ၊ အလုပ်သမားနှင့်လူမှုဝန်ထမ်းဝန်ကြီး ဌာနတို့အကြား လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်၊၊

#PAN #CI #လာအို #အထောက်အထားမဲ့မြန်မာနိုင်ငံသား

One thought on ““လာအိုရောက် မြန်မာများအတွက် CI ထုတ်ပေးရန် စီစဉ်”

Comments are closed.