ဥတ္တရသီရိမြို့နယ်တွင် ယာဥ်တိုက်မှုဖြစ်ပွား

(မှုခင်း)ဇန်နဝါရီ ၁၅

နေပြည်တော်၊ဥတ္တရသီရိမြို့နယ် ပဲခူးလမ်းနှင့်မြစ်ကြီးနားလမ်းဆုံတွင် ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ယာဥ်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဥတ္တရသီရိမြို့နယ် ​မြစ်ကြီးနားလမ်းအတိုင်း မြော​က်မှတောင်သို့ မောင်းနှင်လာသော Ranger Rover အမျိုးအစား အဖြူရောင်ယာဥ်နှင့် ပဲခူးလမ်းအတိူင်း အနောက်မှအရှေ့သို့ မောင်းနှင်လာသော Toyota Mk2 အဖြူ/ မီးခိုးတို့ လမ်းဆုံတွင် တိုက်မှုဖြစ်ပွားကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် Ranger Rover အမျိုးအစား အဖြူရောင်ယာဥ်၏ ​ရှေ့ဘန်ဘာ ပျက်ဆီးပြီး Toyota Mk2 အဖြူ/ မီးခိုး၏ ဘယ်ဘက်နောက်ဘီးအပေါ်ပိန်ချိုင့် နောက်ဘက် ပျက်ဆီးခဲ့ကြောင်း ယာဥ်ပေါ်ပါ အမျိုးသမီးတစ်ဦး နှစ်လုံးအမောဖောက်သွားသဖြင့်  နီးစပ်ရာဆေးခန်းသို့ ပို့ဆောင်ထားရှိပြီး ယာဥ်တိုက်မှုဖြစ်စဥ်အား စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် – https://positiveanglenews.com/2025/01/15/ကာကွယ်ရေးစီမံကိန်းတွင/

#PAN #ယာဉ်တိုက်မှု #နေပြည်တော်