(ကျန်းမာရေး)ဇန်နဝါရီ ၁၅
(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို “ကျန်းမာသောဘဝပိုင်ဆိုင်ဖို့ကျန်းမာ ရေးပြဿနာများဖော်ထုတ်ဖြေရှင်းကြပါ” Moving Forward to a Healthy Lifestyle and Addressing Health Risk Behaviors ဟူသော ဆောင်ပုဒ်နှင့် ဇန်နဝါရီလ၂၀ ရက်မှ ၂၄ ရက်အထိ ရန်ကုန်မြို့၊ ဒဂုံမြို့နယ် အမှတ်(၅) ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)တွင် ကျင်းပသွားမယ်လို့သိရပါတယ်။
အဆိုပါညီလာခံတွင် အခြေခံသုတေသနစာတမ်း ၂၇ စောင်၊ အသုံးချသုတေသနစာတမ်း ၁၉ စောင်၊ ကျန်းမာရေး စနစ် သုတေသနစာတမ်း ၈ စောင်နှင့် သုတေသနပိုစတာ ၄၃ စောင်တို့ကို တင်သွင်းဖတ်ကြားပြသသွားရန် စီစဉ်ထားပါတယ်။
ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံသို့ ပြည်တွင်း၊ ပြည်ပမှ သုတေသီများ တက်ရောက်ကြမှာဖြစ်ပြီး ပညာ ရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲလေးခုနှင့် ဟောပြောပွဲတစ်ခုတို့ကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။
သတင်းအပြည့်အစုံဖတ်ရန် – https://positiveanglenews.com/2025/01/15/မာဃမင်းဖလားတင်းနစ်ပြိ/
#PAN #ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ