“မော်တော်ယာဉ်အစီးရေ သုံးသောင်းကျော်အတွက် နေ့စဉ် CNG များ ရောင်းချပေးလျက်ရှိ”

(ပြည်တွင်း)ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီးရှိ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG)အရောင်းဆိုင်များမှ နေ့စဉ် မော်တော်ယာဉ် အစီးရေ သုံးသောင်းကျော်အတွက် CNG များ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၂၀ ဝန်းကျင်ဖြင့် ပိတ်ရက်မရှိ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ သိရပါတယ်။

မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ CNG အရောင်းဆိုင် ၄၁ ဆိုင် ရှိတဲ့အနက် လှိုင်သာယာမြို့နယ်ရှိ CNG အရောင်းဆိုင်ကို ခေတ္တအရောင်းရပ်နားထားပြီး ကျန်တဲ့အရောင်းဆိုင် ၄၀ ကိုတော့ နေ့စဉ် ပိတ်ရက်မရှိ နံနက် ၄ နာရီမှ ည ၁၁ နာရီအထိ ပုံမှန်ဖွင့်လှစ်ရောင်းချပေးလျက်ရှိပါတယ်။

လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လျှပ်စစ်မီး အချိန်ပိုင်းပြတ်တောက်ချိန်များတွင် CNG အရောင်းဆိုင် များတွင်ရှိတဲ့ ဂက်စ်ဂျင်နရေတာများကို လည်ပတ်ပြီး CNG များ ပုံမှန်ဖြန့်ဖြူးရောင်းချပေးလျက်ရှိနေကြောင်း သိရပါတယ်။

#PAN #CNG #YBS