တောင်ကိုရီးယားသမ္မတကိုယ်တိုင် အဖမ်းခံပြီ

(နိုင်ငံတကာ) ဇန်နဝါရီ ၁၅

တောင်ကိုရီးယားသမ္မတဟောင်း ယွန်ဆော့ယိုဟာ နေအိမ်အပြင်ကိုထွက်ပြီး ကိုယ်တိုင်အဖမ်းခံလိုက်ပြီဖြစ်ကြောင်းသိရသည်။

အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအေဂျင်စီ၏ ဖမ်းဝရမ်းထပ်မံထုတ်ဆင့်ပြီးနောက် ရဲတပ်ဖွဲ့ဝင်များစွာ ဝိုင်းရံပိတ်ဆို့ထားသည့် နေအိမ်မှထွက်က အဖမ်းခံခဲ့ခြင်းဖြစ်သည်။

ယွန်သည် ယနေ့ ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက ကြိုတင်ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းတစ်ခုအား ဖြန့်ချိ့ခဲ့ပြီးနောက် စစ်ဆေးရေးမှူးများနှင့်အတူ မော်တော်ယာဉ်ဖြင့်ထွက်ခွာသွားပြီး ကိုယ်တိုင်ဖမ်းဆီးခံခဲ့ကြောင်းသိရသည်။

သမ္မတဟောင်း၏ ထုတ်ပြန်ချက်တွင် ကိုရီးယားသမ္မတနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တရားစီရင်ရေးစနစ်တွေကို အကာအကွယ်ပေးရမယ့် ၎င်းအနေဖြင့် ယခုကဲ့သို့ တုန့်ပြန်ခြင်းသည် အပြစ်ရှိကြောင်း အစိအမှတ်ပြုခြင်းမဟုတ်ပဲ သွေးထွက်သံယိုမဖြစ်စေရန် ကာကွယ်နိုင်ရန် မျှော်လင့်ချက်ဖြင့် လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စုံစမ်းစစ်ဆေးသူများအနေဖြင့် သမ္မတဟောင်းအား ၄၈ နာရီ အထိ ဖမ်းဆီးချုပ်နှောင်ထားနိုင်ပြီး ထိုကာလအတွင်း ထပ်မံဖမ်းဆီးထားနိုင်ရန် ဖမ်းဝရမ်းထုတ်ဆင့်ရန် လိုအပ်မည်ဖြစ်သည်။

အဖမ်းဆီးမခံမီ ယွန်အား ဆန့်ကျင်ဆန္ဒပြသူများနှင့် ထောက်ခံဆန္ဒပြမှုများ နေအိမ်အပြင်ဘက်တွင် အပြင်းအထန် ဆန္ဒထုတ်ဖော်လျက်ရှိပြီး ၎င်းအားထောက်ခံသူများမှ တရားမဝင် စွပ်စွဲပြစ်တင်ခြင်း ဟုတ် ကြွေးကြော်ဆန္ဒပြလျက်ရှိသည်။

တောင်ကိုရီးယား သမ္မတဟောင်းသည် စစ်အုပ်ချုပ်ရေးကြေညာချက်နှင့်ဆူပူသောင်းကျန်းမှုများဖြစ်ပေါ်ရန် ဦးဆောင်သည့် စွပ်စွဲချက်ဖြင့် ထောင်ဒစ် တစ်သက်တစ်ကျွန်း သို့မဟုတ် သေဒဏ်အထိ ကျခံရနိုင်သည့် ရာဇဝတ်မှုများနှင့် စုံစမ်းစစ်ဆေးခံသွားရဖွယ်ရှိကြောင်းသိရသည်။

#PAN #တောင်ကိုရီးယားသမ္မတ #ယွန်ဆော့ယို #ကိုယ်တိုင်အဖမ်းခံ