အီရန်နိုင်ငံက အနောက်နိုင်ငံများနှင့် နျူကလီးယားဆွေးနွေးပွဲပြန်လည်စတင်

(နိုင်ငံတကာ) ဇန်နဝါရီ ၁၄

အီရန်နိုင်ငံသည် အနောက်ဥရောပနိုင်ငံများဖြစ်သည့် ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီနိုင်ငံတို့နှင့် နျူကလီးယားဆွေးနွေးပွဲပြန်လည်စတင်မည်ဖြစ်ကြောင်းသိရသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အရေးယူပိတ်ဆို့မှုများ ဖယ်ရှားရေးသည် ဦးစားပေးကိစ္စရပ်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အီရန်နိုင်ငံနဲ့ အနောက်ဥရောပ အင်အားကြီး ၃ နိုင်ငံအကြား ဆွေးနွေးပွဲကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တကျော့ပြန် တာဝန်မထမ်းဆောင်မီ တစ်ပတ်အလိုတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကလည်း ဆွစ်ဇ်ဇာလန်နိုင်ငံ ဂျနီဗာတွင် ကျင်းပခဲပြီးနောက် တစ်ပတ်အကြာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

နှစ်ရက်တာ ကျင်းပမည့် အဆိုပါဆွေးနွေးပွဲသည် ကျယ်ပြောသည့် ကိစ္စရပ်များ ပါဝင်သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုခဲ့သည်။

အနောက်နိုင်ငံများသည် အီရန်၏ နျူကလီးယားအစီအစဉ်များအား သံတမန်နည်းလမ်းနှင့် ဖြေရှင်းခြင်းဆီသို့ ဦးတည် လုပ်ဆောင်နေကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သတင်းအပြည့်အစုံဖတ်ရန် – https://positiveanglenews.com/2025/01/14/မုဒုံမြို့နယ်တွင်-လက်နက/

#PAN #အီရန် #နျူကလီးယားဆွေးနွေးပွဲ # အနောက်ဥရောပ