အကြမ်းဖက် PDF များအား လူသစ်စုဆောင်း ဆောင်ရွက်ပေးနေသူတစ်ဦးအား ဖမ်းဆီးရမိ

(မြုခင်း) ဇန်နဝါရီ ၁၃

လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူး‌ပေါင်းအဖွဲ့ဖြင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် မြစ်ငယ်-ထုံးဘို တိုးဂိတ်အနီးတွင် ယနေ့နံနက်၈နာရီ၃၀အချိန်ခန့်က မသင်္ကာဖွယ်ရာယာဉ်များအား ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့စဥ် အကြမ်းဖက် PDF များနှင့်ချိတ်ဆက် ဆောင်ရွက်ခြင်း၊ လူသစ်စုဆောင်းခြင်းများ ဆောင်ရွက်ပေးနေသူတစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ ပိတ်ဆို့ဆောင်ရွက်နေစဉ် နံနက် ၁၀နါရီ၄၅မိနစ် အချိန်ခန့်တွင် စစ်ကိုင်းမှပုသိမ်ကြီးမြို့နယ်၊အုန်းချောသို့ သွားရောက်မည့် ယာဥ်မောင်း ဦးသန်းဇော် မောင်းနှင်သည့် မီနီအိုးဝေ ယာဥ်အမှတ် 21U/…… အား စစ်ဆေးခဲ့ရာ ၎င်းယာဥ်‌ပေါ်ပါ ခရီး သည် ဦးထွန်းမင်း၊၄၉နှစ်၊(ဘ)ဦးလှသိန််း၊မြင်းမူမြို့နယ်၊မူးမန္တ‌လေးကျေးရွာနေသူ၏ လက်ကိုင်ဖုန်းအတွင်းမှ အကြမ်းဖက် PDF များနှင့်ချိတ်ဆက်‌ ဆောင်ရွက်ခြင်း၊အကြမ်းဖက်အဖွဲ့အစည်းများထံ လူသစ်ဖြည့်သွင်းပေးခြင်းများ ဆောင်ရွက်ထားမှုကို တွေ့ရှိရကြောင်း သိရသည်။

၎င်းနောက် လုံခြုံရေးတာဝန်ရှိသူများမှ အသေးစိတ်စစ်ဆေးခဲ့ပြီး ၎င်းတို့ကိုင်ဆောင်သည့် ဖုန်း ၂လုံး၊ငွေ စက္ကူ ၁၁သိန်းခန့်တို့နှင့်အတူ သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ သက်ဆိုင် ရာ တာဝန်ရှိသူများမှ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

#PAN #PDF #လူသစ်စုဆောင်း