(ပြည်တွင်း) ဇန်နဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသများဖြစ်သည့် ဟုမ္မလင်း နှင့် ခန္တီး ကို သွားလာနေသည့် ရေကြောင်းလမ်းပိုင်း တပ်နှင့် လက်နက်ကိုင်အဖွဲ့များမှ အပြန်အလှန်ပိတ်ထားသည့်အတွက် သွားလာရပိုမိုခက်ခဲနေသည်ဟု ဒေသခံများပြောဆိုနေကြကြောင်း သိရသည်။
ဟုမ္မလင်း-ခန္တီး ရေကြောင်းလမ်းပိုင်းကို နှစ်ရှည်ကြာစွာ ပိတ်ထားသော်လည်း ပြန်လည်ဖွင့်ပေးခြင်းမရှိသေးသည့်အတွက် ယခုကဲ့သို့ သွားလာရပိုမိုခက်ခဲနေခြင်းဖြစ်ကြောင်း သိရသည်။
ဟုမ္မလင်း-ခန္တီးသွား ရေလမ်းပိုင်းအား စစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့များမှ သက်ဆိုင်ရာဂိတ်များတွင် ဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားခဲ့ကြသည်မှာ သုံးနှစ်ကျော်လာပြီဖြစ် သော်လည်း ယနေ့အချိန်ထိ ပြန်လည်ဖွင့်လှစ်ခြင်းမရှိသေးသည့်အတွက် ခန္တီးမြို့ခံများမှာ လေလမ်းကြောင်းနှင့်ကုန်းပိုင်းလမ်းပိုင်းကို ကွေ့ပတ်ပြီးခက်ခဲစွာသွားလာနေကြရသည်ဟု သိရသည်။
ဟုမ္မလင်း-ခန္တီးသွား ရေလမ်းပိုင်းပိတ်ထားသည့်အတွက် ကုန်ပစ္စည်းများအား လေကြောင်းလမ်းဖြင့်လည်းကောင်း၊ ကုန်းပိုင်းလမ်းအား ကွေ့ပတ်၍ သယ်ဆောင်ခြင်းဖြင့်လည်းကောင်း သယ်ဆောင်ရကာ ခန္တီးမြို့ရှိ ပြည်သူများမှာ ကုန်ပစ္စည်းဈေးမြင့်မှုဒဏ်ကိုခံရခြင်း၊ သွားလာရေးပိုင်း၌ ငွေကုန်ကြေးကျများခြင်း၊ အချိန်ကုန်ခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။
#PAN #ဟုမ္မလင်း_ခန္တီးရေကြောင်းလမ်း #ကုန်ပစ္စည်းဈေးမြင့်မှု