မြင်းခြံနှင့်တောင်သာမြို့နယ်တွင် လုံခြုံရေးအဖွဲ့များအား အကြမ်းဖက်PDFအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်

(ပြည်တွင်း)ဇန်နဝါရီ ၁၄

 မြင်းခြံ ပြည်သူ့စစ် ဌာနေအဖွဲ့မှာ နယ်မြေအတွင်း လှည့်ကင်း​ဆောင်ရွက်စဉ်  ယမန်နေ့ နံနက်၈နာရီအချိန်ခန့်က မြင်းခြံတိုးဂိတ်နှင့်တောင်သာမြို့၊အမေဂျမ်းနတ်စင်ကြားလမ်း အရောက်၌ အကြမ်း ဖက်အဖွဲ့များမှ ခြုံခိုတိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် မြင်းခြံပြည်သူ့စစ်ဌာနေအဖွဲ့မှ ၄ဦးကျဆုံးခဲ့ပြီး သေနတ် ၆လက် ရန်သူ့နောက်ပါသွားကာ ဆုံးရှုံးခဲ့ကြောင်း၊ တိုက်ခိုက်မှုဖြစ်စဥ်ဖြစ်ပွားရာသို့ တပ်မတော်နယ်မြေခံ စစ်ကြောင်းမှ လိုက်လံနယ်မြေ  ရှင်းလင်းခဲ့ရာ အကြမ်းဖက်အဖွဲ့မှ ၂၀ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ မွန်းလွဲ၁နာရီအချိန်ခန့်က တပ်မတော်လုံခြုံရေးအဖွဲ့များ အခြေပြုကာ လုံခြုံရေးဆောင် ရွက်နေသော တောင်သာမြို့၊အထကကျောင်းအား အကြမ်းဖက်အဖွဲ့များက Drone ဖြင့် Drop Bomb ချ တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်တွင် လုံခြုံရေးတပ်ဖွဲ့မှ ၂ဦးကျဆုံးခဲ့ပြီး စစ်ကူစစ်ကြောင်းများ ရောက်ရှိရှင်းလင်းမှုကြောင့် မွန်းလွဲ  ၂နာရီ အချိန်ခန့်တွင် အကြမ်းဖက်အဖွဲ့များ ဆုတ်ခွာထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

#PAN #မြင်းခြံ #တောင်သာ #PDF #မြင်းခြံပြည်သူ့စစ်