မုဒုံမြို့နယ်တွင် လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိ

**********************

(မှုခင်း) ဇန်နဝါရီ ၁၃

မွန်ပြည်နယ် မုဒုံမြို့နယ် ဆက်သွယ်ရေးကျေးရွာအုပ်စု၊ အဘစ်-ခလယ်တံခွန်တိုင်သွားကားလမ်းတွင် ဇန်နဝါရီ ၁၃ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် လုံခြုံရေးအဖွဲ့မှ ရှောင်တခင်စစ်ဆေးစဉ် မော်တော်ယာဉ်တစ်စီးပေါ်မှ လက်လုပ်သေနပ်နှင့်ဆက်စပ်ပစ္စည်းများသိမ်းဆည်း သိမ်းဆည်းရမိကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့မှ ရှောင်တခင် ယာဉ်ကြောပိတ်စစ်ဆေးစဉ်  ဘုရားသုံးဆူမြို့ဘက်မှမောင်းနှင်လာသော ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ယခုကဲ့သို့ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘားအံမြို့နယ် ဇာသပြင်ကျေးရွာနေ ယာဉ်မောင်း ဦးဝင်းနောင်စိုး ၄၃ နှစ်ဆိုသူမောင်းနှင်လာသည့် INSIGHT အမျိုးအစား(အပြာရောင်)ယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် လက်လုပ်ပစ္စတိုသေနတ် ၁ လက်၊ လက်လုပ် ဘောစေ့ သေနတ်အရှည် ၁ လက်၊ ဓား ၁ ချောင်း တို့အား စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် လက်နက်ခဲယမ်းများသယ်ဆောင်လာသည့် မော်တော်ယာဉ်မောင်းနှင်သူအား ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

#PAN #စစ်ဆေးရေး #မုဒုံ #လက်နက်