(ပြည်တွင်း) ဇန်နဝါရီ ၁၄
မီးဘေးဒဏ်ခံခဲ့ရသော ပဲခူးမြို့ရှိ အိမ်ထောင်စု နှစ်စုအား တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့မှသွားရောက် ထောက်ပံ့ကူညီခဲ့ကြောင်းသိရသည်။
ဖြစ်စဥ်မှာပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်၊ (၅)လမ်းနေ ဒေါ်သိန်းသိန်းမာ၏ နေအိမ်တွင် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၀၀:၃၀အချိန်ခန့်က ရေခဲသေတ္တာနှင့် သွယ်တန်းထားသော Mainထုပ်မှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ခြံဝန်းအတွင်းရှိဒေါ်သိန်းသိန်းမာ၏နေအိမ်အပါအဝင် ၎င်းမိခင်ဖြစ်သူ၏နေအိမ် စုစုပေါင်းနေအိမ်နှစ်လုံးတို့မှာ မီးလောင်ကျွမ်းပျက်စီးဆီးခဲ့ရပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။
ဖြစ်စဥ်ကြောင့်မီးဘေးဒဏ်သင့်ခဲ့ရသော အိမ်ထောင်စု နှစ်စုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှထောက်ပံပေးအပ်သော Family Kit နှင့်အိမ်ဆောက်ပစ္စည်များအား ပဲခူးတိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ပဲခူးမြို့နယ်ကြက်ခြေနီအသင်းတို့မှ သွားရောက်ထောက်ပံကူညီခဲ့ကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီသည် လူမူကယ်ဆယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များတွင် သက်ဆိုင်ရာဋ္ဌာနများနှင့်တက်ကြွစည်းလုံးစွာ ဦးဆောင်၍ ပူးပေါင်းကူညီဆောင်ရွက်လျှက်ရှိသည်။
သတင်းအပြည့်အစုံဖတ်ရန် – https://positiveanglenews.com/2025/01/14/ကန့်ဘလူမြို့နယ်ရှိ-လယ်/
#PAN #ကြက်ခြေနီကြီးကြပ်မှုကော်မတီ #ပဲခူးတိုင်းဒေသကြီး