ဓားစားခံ ၃၃ ဦး လွှတ်ပေးရန် မျှော်လင့်ကြောင်း အစ္စရေးပြော


(နိုင်ငံတကာ) ဇန်နဝါရီ ၁၄


အစ္စရေး-ဟားမတ်စ်စစ်ပွဲ အပစ်အခတ်ရပ်စဲရေး ပထမအဆင့်အနေဖြင့် ဓားစားခံ ၃၃ ဦး လွှတ်ပေးရန် မျှော်လင့်ကြောင်း အစ္စရေးတာဝန်ရှိများကပြောကြားခဲ့သည်။
၁၅ လကြာ တိုက်ပွဲများ ရပ်တန့်ရန် သဘောတူညီချက်ကို မကြာမီ ကြေညာနိုင်မည်ဟု တာဝန်ရှိသူများက သတိကြီးစွာထားကာ ဆောင်ရွက်နေကြောင်း တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုခဲ့သည်။


ဟားမတ်စ်နှင့် ၎င်း၏မဟာမိတ်များက အစ္စရေးမှ ဖမ်းဆီးခေါ်ဆောင်လာသည့် ဓားစာခံ ၂၅၁ ဦးအနက် ၉၄ ဦးကို ထိန်းသိမ်းထားဆဲဖြစ်ပြီး ၎င်းတို့အနက် ၃၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အစ္စရေးအစိုးရက ပြောကြားချက်များအရ သိရသည်။
သဘောတူညီချက်အရ သဘောတူညီမှုပထမအဆင့်တွင် ပြန်လွှတ်မည့် ဓားစားခံ ၃၃ ဦးမှာ အသက်ရှင်လျက်ရှိသည်ဟု ယုံကြည်ကြောင်း အစ္စရေးအစိုးရ အကြီးတန်းအရာရှိတစ်ဦးကဆိုသည်။


ဓားစာခံ ၃၃ ဦးကို လွှတ်ပေးခြင်းသည် သဘောတူညီချက်၏ ပထမအဆင့်သာဖြစ်ပြီး စစ်ပွဲကိုအဆုံးသတ်ရန် ရည်ရွယ်ထားသည့် ဒုတိယအဆင့်သို့ရောက်ရှိရန် ညှိနှိုင်းမှုများသည် သဘောတူညီချက်ကို အကောင်အထည်ဖော်သည့် အစီအစဉ်များ မကြာမှီ စတင်မည်ဖြစ်ကြောင်းသိရသည်။

PAN #အစ္စရေး