စပိန်က ဥရောပမဟုတ်သည့် အခြားနိုင်ငံများမှ အိမ်ဝယ်ယူပါက အခွန် ၁၀၀ ရာခိုင်နှုန်းကောက်ရန်စီစဉ်

(နိုင်ငံတကာ) ဇန်နဝါရီ ၁၄

စပိန်နိုင်ငံက ဥရောပသမဂ္ဂအဖွဲ့ဝင် မဟုတ်သည့် ပြင်ပ နိုင်ငံများမှ အိမ်ဝယ်ယူပါက အခွန် ၁၀၀ ရာခိုင်နှုန်းကောက်ခံရန် စီစဉ်နေကြောင်းသိရသည်။

ဥရောပသမဂ္ဂမဟုတ်သောနေထိုင်သူများသည် ၂၀၂၃ ခုနှစ်တွင် စပိန်တွင်အိမ်ခြံမြေပေါင်း ၂၇၀၀၀ အထိ ဝယ်ယူခဲ့သည့်အတွက် အခွန်စည်းကြပ်မှု မြှင့်တင်ရန် လုပ်ဆောင်ခြင်းဖြစ်သည်။

စပိန်ဝန်ကြီးချုပ်က အဆိုပါ အခွန်စည်းကြပ်မှုနှင့်ပတ်သက်ပြီး ဥပဒေပြုရေးနှင့် ပါလီမံတွင် လုံလောက်သည့် ထောက်ခံမှုရရှိရေး အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိကြောင်းသိရသည်။

၎င်းသည် နိုင်ငံအတွင်း အိမ်ရာစရိတ်စက ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ တနင်္လာနေ့တွင် ဝန်ကြီးချုပ်က ကြေညာခဲ့သည့် အစီအမံများထဲမှ တစ်ခုဖြစ်သည်။

#PAN #စပိန် #ဥရောပသမဂ္ဂ