ချက်နေသော မုန့်ဟင်းခါးဟင်းအိုးပေါ်ချောလဲကျသည့် အမျိုးသမီးငယ် သေးဆုံး

(ပြည်တွင်း)ဇန်နဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် ကမ်းနားအလယ်ရပ်ကွက် ထနီးလမ်း အိမ်အမှတ် ၄၄၂ B၂ တွင် မုန့်ဟင်းခါးချက်နေစဉ် ဟင်းအိုးပေါ်သို့ အမျိုးသမီးငယ်တစ်ဦးချောလဲကျသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီးနောက် အဆိုပါ အမျိုးသမီးငယ်မှာ သေဆုံးသွားကြောင်း သိရသည်။

ဇန်နဝါရီလ ၈ ရက်နေ့ မနက်ပိုင်းတွင် အင်းစိန်မြို့နယ် ကမ်းနားအလယ်ရပ်ကွက် ထနီးလမ်းတွင် နေထိုင်သော မခင်ပပအောင်၊ အသက် ၂၁နှစ်၊ (အဘ)ဦးအောင်​ငွေသည် ဆွမ်းကပ်ရန် မုန့်ဟင်းခါးချက်ရာမှ မုန့်ဟင်းခါးချက်နေသောဟင်းအိုးပေါ်ချောလဲသွားပြီး ကိုယ်တခြမ်းအပူလောင်ခဲ့သည့်အတွက် အင်းစိန်ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဆေးကုသမူခံယူခဲ့ကြောင်း သိရသည်။

အဆိုပါ အဆိုပါအမျိုးသမီးငယ်ရရှိသည့် အပူဒဏ်ရာများသည် ဆေးရုံမှ စိုးရိမ်စရာမရှိဟု သိရသော်လည်း ယနေ့မနက်ပိုင်းတွင် အမောဖောက်ကာ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင်  အင်းစိန်ဆေးရုံတွင် သေဆုံးခဲ့ကြောင်း သိရသည်။

#PAN #မုန့်ဟင်းခါး #အပူလောင် #အင်းစိန်