(နိုင်ငံတကာ) ဇန်နဝါရီ ၁၃
အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ အမျိုးသမီးတစ်ဦးသည် ၅ နှစ်အတွင်း အမျိုးသား ၆၄ ၏ မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရကြောင်း စွပ်စွဲထုတ်ဖော်ခဲ့သည်။
အသက် ၁၃ နှစ်မှ စတင်ကာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်ခဲ့သည့် အမျိုးသား ၆၄ ဦးအား စွဲခဲ့ပြီးနောက် ရဲတပ်ဖွဲ့က အမျိုးသား ၂၈ ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ဖမ်းဆီးထားသူများ၏ ကိုယ်ရေးအချက်အလက်များအား ထုတ်ဖော်ခြင်းမရှိသော်လည်း အသက် ၁၇ နှစ်မှ ၄၇ နှစ်ကြား အဆိုပါအမျိုးသမီး၏ အိမ်နီးချင်းများ၊ အားကစားနည်းပြများနှင့် သူမဖခင်၏ မိတ်ဆွေများပါဝင်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ဖော်ထားသည်။
အဆိုပါအမျိုးသမီးသည် ဟိန္ဒူဇာတ်နိမ့်မျိုးနွယ်ဝင်တစ်ဦးဖြစ်ပြီး ၎င်းတို့အား အကာအကွယ်ပေးသည့် ဥပဒေများ ခွဲခြားဆက်ဆံမှုများရှိကြောင်းသိရသည်။
အမျိုးသမီးသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် အဓမ္မပြုကျင့်ခံခဲ့ရသည့်အတွက် ကလေးသူငယ်များ လိင်ပိုင်းဆိုင်ရာပြစ်မှုများနှင့် အရေးယူဆောင်ရွက်နေကြောင်းသိရသည်။
ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး လာမည့်ရက်အတွင်း နောက်ထပ်အမှုများအား ထပ်မံ အမှုဖွင့်သွားဖွယ်ရှိကြောင်းသိရသည်။
ဒေသတွင်းသတင်းများ၏ ဖော်ပြချက်အရ တရားခံများသည် အမျိုးသမီးငယ်အား လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုများအပါအဝင် ညှင်းပန်းနှိပ်စက်ပြီး ရုပ်သံမှတ်တမ်းများလည်း ရိုက်ယူခဲ့ကြောင်းသိရသည်။
#PAN #အိန္ဒိယ #မုဒိမ်းကျင့်