လော့စ်အိန်ဂျလိစ် မီးဘေးတွင် သေဆုံးသူ ၂၄ ဦးထိ မြင့်တက်လာ

(နိုင်ငံတကာ) ဇန်နဝါရီ ၁၃

လော့စ်အိန်ဂျလိစ်မြို့ရှိ တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၂၄ ဦးထိ မြင့်တက်လာကြောင်း ဒေသအာဏာပိုင်များက ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် လေတိုက်နှုန်းအတော်အတန်ငြိမ်သက်ပြီးနောက်၊ Santa Ana တွင် လေတိုက်နှုန်းသည် တနင်္ဂနွေညမှ ဗုဒ္ဓဟူးနေ့အထိ တစ်နာရီမိုင် ၆၀ နှုန်း အထိ မြင့်တက်လာမည်ဟု အာဏာပိုင်များက သတိပေးထားသည်။

လော့စ်အိန်ဂျလိစ် ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက တနင်္ဂနွေနေ့တွင် သေဆုံးသူအရေအတွက်၂၄  ဦးအထိရှိခဲ့ပြီး ၁၆ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

သေဆုံးသူများမှ ၁၆ ဦးသည် Eaton မီးသတ်ဇုန်တွင် တွေ့ရှိခဲ့ပြီး ရှစ်ဦးကို Palisades မီးသတ်ဇုန်တွင် တွေ့ရှိခဲ့ကြောင်းသိရသည်။

သေဆုံးသူများနှင့်ပတ်သက်ပြီး ကိုယ်ရေးအချက်အလက်များကို အာဏာပိုင်များ ထုတ်ပြန်ထားခြင်းမရှိပါ။

ယခုတောမီးသည် အမေရိကန်သမိုင်းတွင် ဆုံးရှုံးမှုများပြားသော တောမီးဖြစ်ခဲ့ပြီး ခန့်မှန်းသူများက အမေရိကန်ဒေါ်လာ သန်း ၂၅၀ မှ ၂၇၅ သန်းအထိ မြင့်တက်လာကြောင်းသိရသည်။

#PAN #လော့စ်အိန်ဂျလိစ #တောမီး