(နိုင်ငံတကာ) ဇန်နဝါရီ ၁၃
ရုရှားနိုင်ငံ Kursk ဒေသမှာ ဖမ်းဆီးခံခဲ့ရတဲ့ ယူကရိန်းစစ်သားတွေနဲ့ မြောက်ကိုရီးယားစစ်သားနှစ်ကို လဲလှယ်လိုကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ကမ်းလှမ်းခဲ့ကြောင်းသိရသည်။
“ရုရှားမှာအဖမ်းခံထားရတဲ့ ငါတို့စစ်သားတွေကို ပြန်လွှတ်ပေးရင် မြောက်ကိုရီးယားက စစ်သားတွေကို ပြန်လွှတ်ပေးဖို့ အဆင်သင့်ရှိတယ်”ဟု ဇယ်လန်းစကီးက ၎င်း၏ လူမှုကွန်ယက်တွင် ရေးသားထားသည်။
ပြီးခဲ့သည့် စနေနေ့က မြောက်ကိုရီးယားစစ်သားနှစ်ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြောကြားမှုအပြီး ယခုလို ကမ်းလှမ်းခဲ့ဖြစ်သည်။
ရုရှားနှင့် မြောက်ကိုရီးယားတို့သည် ယူကရိန်းနှင့် စစ်ပွဲအတွင်း မြောက်ကိုရီးယားစစ်သားများ ပါဝင်သည်ကို အတည်ပြု ထုတ်ပြန်ထားခြင်းမရှိပေ။
ယူကရိန်းနှင့် အနောက်နိုင်ငံများ၏ ပြောကြားချက်များအရ ယူကရိန်းဝင်ရောက်တိုက်ခိုက်နေသည့် ရုရှားနိုင်ငံ Kursk ဒေသတွင် မြောက်ကိုရီးယားစစ်သား တစ်သောင်းထက်မနည်း ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။
လက်ရှိတွင် မြောက်ကိုရီးယားစစ်သည်များ ဖမ်းဆီးခံရသည့်ဖြစ်စဉ်သည် ပထမဦးဆုံးဖြစ်ပြီး တူညီသည့်ဖြစ်စဉ်များ ထပ်ရှိလာဖွယ်ရှိကြောင်း ဇယ်လန်းစကီးက ပြောဆိုခဲ့သည်။
#ရုရှား #ယူကရိန်း #စစ်သားတွေကိုလဲလှယ်