ဒေါ်နယ်ထရန့် တရားအားထုတ်နေသည့်ပုံစံ ရုပ်တု တရုတ်ပန်းပု ပညာရှင်တစ်ဦးက ထုလုပ်ရောင်းချ

(နိုင်ငံတကာ) ဇန်နဝါရီ ၁၃

အမေရိကန်သမ္မတအဖြစ် မကြာခင်ကျမ်းသစ္စာကျိန်ဆိုတော့မည့် တစ်ကြော့ပြန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် တရားအားထုတ်နေသည့်ပုံသဏ္ဍာန်ရှိ ရုပ်ထုငယ်တွေကို တရုတ်ပန်းပု ပညာရှင်တစ်ဦးက ထုလုပ်ရောင်းချနေကြောင်း AFP သတင်းတစ်ရပ်အရ သိရသည်။

အဆိုပါရုပ်တုများသည် ၂၀၂၁ ခုနှစ်က တရုတ်၏ Taobao အွန်လိုင်းအရောင်းအဝယ် ဝက်ဘ်ဆိုက်တွင် ပထမဆုံးအကြိမ် လူသိများခဲ့ခြင်းဖြစ်ပြီး ထရန့်၏ ဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုရက် နီးကပ်လာချိန်တွင် ထိုရုပ်တုများသည် တဖန်ပြန်လည် ရေပန်းစားလာခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၏ ဒီဇိုင်နာတစ်ဦးလည်းဖြစ် ပန်းပုပညာရှင် တစ်ဦးလည်းဖြစ်သည့် ဟောင်ကျင်ရှီက အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ကို “ဗုဒ္ဓရုပ်ပွားတော်” ပုံစံအတိုင်း ထုဆစ်ပုံဖော်ပြီး ရောင်းချနေကြောင်း အေ အက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။

ဟောင်ကျင်ရှီ၏ ဒေါ်နယ်ထရန့်သည် မျက်လွှာချထားပြီး တင်ပျဉ်ခွေထိုင်နေသည့် ပုံစံသည် ရုပ်တုများကို အရွယ်အစား အပေါ်မူတည်ပြီး ၉၉၉ ယွမ်မှ ယွမ် ၂၀၀၀၀ (ဒေါ်လာ ၁၄၀ မှ ဒေါ်လာ ၂၇၀၀) အကြား အသီးသီး စျေးသတ်မှတ်ပြီး ရောင်းချနေသည်ဟု သိရသည်။

#PAN #ဒေါ်နယ်ထရန့် #တရုတ်ပန်းပုပညာရှင် #ပန်းပု