လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သတင်းအား အကြမ်းဖက်သမားများထံ ပေးပို့သူအား ဖမ်းဆီးထား


(မှုခင်း) ဇန်နဝါရီ ၁၂

လုံခြုံရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများအား အကြမ်းဖက်အဖွဲ့များထံ သတင်းပေးပို့နေသူတစ်ဦးအား သံဖြူဇရပ်မြို့နယ် လုံခြုံရေးရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ယူထားကြောင်း သိရသည်။

သံဖြူဇရပ်မြို့၊ အောင်ကုသိုလ်ရပ်ကွက်၊ (၄)လမ်းတွင်နေထိုင်သည့် ဇော်မျိုး(ခ)ကရင်၊ (၃၉)နှစ်သည်၂၀၂၄ ခုနှစ်၊ မတ်လမှ မေလ(၃၁)ရက်နေ့ထိ မော်လမြိုင်ဘက်မှ ရေးမြို့ဘက်သို့ သွားလာလျှက်ရှိသည့် တပ်မတော်ယာဉ်တန်းများ၏ဖြတ်သန်းချိန်၊ ယာဉ်အရေအတွက် အတိအကျတို့အား အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့ဖြစ်သည့် YGF အဖွဲ့နှင့် KNLA တပ်မဟာ(၆)တပ်ရင်း(၂၇)၊ သောင်းကျန်းသူ အဖွဲ့များထံသို့ (၈)ကြိမ်ခန့် သတင်းပေးပို့ခဲ့ကြောင်း သိရသည်။

ထို့အပြင် ၎င်းသည် ၂၀၂၀ ခုနှစ်၊ဒီဇင်ဘာလတွင် သံဖြူဇရပ်မြို့နယ်၊ ဝယ်သွန်ချောင်ကျေးရွာ၌ အခြေပြုနေသည့် နိုင်ဗညား- သိုက်အောင်(ခ)အိုက်ချယ်ရီ (ခ)နိုင်အိုက်ချယ်၊ ခေါင်းဆောင်သည့် မွန်ငြိမ်းချမ်း ကာကွယ်ရေးအဖွဲ့သို့ ဝင်ရောက်ခဲ့သကဲ့သို့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ဒုတိယအပတ်တွင် ရေးမြို့နယ်၊ လမိုင်းမြို့၊ ဘေးကလွှဲကျေးရွာအခြေပြုနေသည့် (KNU/ KNLA(PC) အဖွဲ့မှ ဒုမှူးကြီးအဆင့်ရှိ အယ်ဆေးမှ ၎င်း အဖွဲ့ထံသို့ ဝင်ရောက်ရန် စေခိုင်းခဲ့သဖြင့် သဘောတူလက်ခံခဲ့ကြောင်းသိရသည်။

လုံခြုံရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများအား အကြမ်းဖက်အဖွဲ့များထံ သတင်းပေးပို့နေသူ ထို့ကြောင့် သံဖြူဇရပ်မြို့၊ အောင်ကုသိုလ်ရပ်ကွက်၊ (၄)လမ်းတွင်နေထိုင်သည့် ဇော်မျိုး(ခ)ကရင်၊ (၃၉)နှစ်သည် အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွယ်​နေသည်ကိုစစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

#PAN #အကြမ်းဖက် #ဖမ်းဆီး #မွန်ခွဲထွက် #YGF