(ပြည်တွင်း) ဇန်နဝါရီ ၉
တရားမဝင်ဓာတ်အား ရယူသုံးစွဲမှုများမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်က စစ်ဆေးကြပ်မတ်သွားရန်လိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းမှ ဇန်နဝါရီလ ၈ ရက်နေ့ နေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ကျင်းပသည့် ကချင်ပြည်နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့် စပ်လျဉ်းသည့် တွေ့ဆုံညှိနှိုင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။
လက်ရှိဓာတ်အား ထုတ်လုပ်နေမှုကို တိုးတက်မထုတ်နိုင်သေးမီ မြိုနယ်အဆင့်များတွင် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိကြောင်း၊ မြိုနယ်များအတွင်း ဓာတ်အားခကြွေးကျန်များ အပြည့်အဝရရှိရေးနှင့် တရားမဝင်ဓာတ်အား ရယူသုံးစွဲမှုများမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်က စစ်ဆေးကြပ်မတ်သွားရန်လိုအပ်ကြောင်း၊ ဓာတ်အားပြတ်တောက် မှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးတိုကို ဟန်ချက်ညီညီတိုးတက်ကောင်းမွန်စေရေး စီမံဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံညှိနှိင်းပွဲသို ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြိုနယ် လျှပ်စစ်အင်ဂျင် နီယာများ၊ မြိုနယ်လျှပ်စစ်မှူး များ၊ ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာန မဟာဓာတ်အားလိုင်းမှူး (ဝိုင်းမော်)၊ ပင်မဓာတ်အားခွဲရုံမှူး (ဝိုင်းမော်၊ ဗန်းမော်) တိုမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်ဟု သိရသည်။
#PAN #မြန်မာလျှပ်စစ် #လျှပ်စစ်စွမ်းအားဝန်ကြီးဌာန