“ကရင်ပြည်နယ်အတွင်းသို့ ခရီးသွားလေးသိန်းခွဲကျော် ဝင်ရောက်ခဲ့”

(ပြည်တွင်း) ဇန်နဝါရီ ၁၁

ကရင်ပြည်နယ်အတွင်းသို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တွင် ပြည်တွင်း/ပြည်ပခရီးသွား လေးသိန်းနှစ်သောင်းကျော် ဝင်ရောက်ခဲ့ရာမှ ၂၀၂၄ ခုနှစ်အတွင်း ခရီးသွား လေးသိန်းငါးသောင်းကျော် လာရောက် လည်ပတ်ခဲ့ခြင်းကြောင့် ၁၀၀ ရာခိုင်နှုန်းကျော်တိုးတက်ခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။

ဟိုတယ်နှင့်တည်းခိုရိပ်သာများရဲ့ ဝင်ငွေရရှိမှုအနေနဲ့လည်း ၂၀၂၁ ခုနှစ်မှာ ငွေကျပ် ၉,၉၅၀ ဒသမ ၇၀ သိန်း ရရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ငွေကျပ် ၄၇,၆၁၉ ဒသမ ၁၈ သိန်းအထိ ရရှိခဲ့တဲ့အတွက် ၁၀၀ ရာခိုင်နှုန်းကျော် တိုးတက် ရရှိခဲ့ပါတယ်။

ဒါ့အပြင်ပြည်နယ်ရဲ့ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်ထိ ဟိုတယ်နှင့် တည်းခို ရိပ်သာ ၄၉ လုံး၊ အိပ်ခန်းပေါင်း ၁,၆၇၃ ခန်းရှိခဲ့ရာမှ လက်ရှိမှာတော့ ဟိုတယ်နှင့်တည်းခိုရိပ်သာ ၆၀ လုံး၊ အိပ်ခန်း ပေါင်း ၂,၁၅၉ ခန်းရှိတဲ့အတွက် လုပ်ငန်းလိုင်စင်ထုတ်ပေးနိုင်မှု ၂၂ ဒသမ ၄၅ ရာခိုင်နှုန်းတိုး တက်လာခဲ့ပါတယ်။

#PAN #ကရင်ပြည်နယ် #ခရီးသွား