သမ္မတပူတင်နဲ့ တွေ့ဆုံဖို့ စီစဉ်နေကြောင်း ထရမ့်ပြော


(နိုင်ငံတကာ) ဇန်နဝါရီ ၁၀

အမေရိကန် ရွေးကောက်ခံသမ္မတ ထရမ့်သည် ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံရန် စီစဉ်နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ထရမ့်က သမ္မတပူတင်တွေ့ချင်တဲ့အချိန်ကို တွေ့နိုင်ရန် စီစဉ်နေကြောင်း ဖလော်ရီဒါရှိ ၎င်း၏ အပန်းဖြေစခန်းတွင် ပြောဆိုခဲ့သည့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

တွေ့ဆုံဆွေးနွေးရန် ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ကရင်မလင်နန်တော် ပြောရေးဆိုခွင့်ရှိသူက တရားဝင်တွေ့ဆုံရန် တောင်းဆိုထားခြင်းမရှိကြောင်း ပြောကြားထားသည်။

ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် ရာထူးတာဝန်ယူပြီးသည်နှင့် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် စေ့စပ်ညှိနှိုင်းမည်ဟု ထရမ့်က ကတိပြုခဲ့ပြီး ကိယက်ဗ်အတွက် အမေရိကန်စစ်တပ်နှင့် ငွေကြေးထောက်ပံ့မှုအပေါ် သံသယရှိကြောင်း ပြောဆိုခဲ့သည်။

သမ္မတ ထရမ့် သည် ၎င်း၏ ဒုတိယမြောက်သက်တမ်းတွင် ယူကရိန်းနှင့် ရုရှားနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် အမျိုးသားလုံခြုံရေးအကြံပေးဟောင်းနှင့် အမေရိကန်စစ်တပ်တွင် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး Keith Kellogg ကို တာဝန်ပေးခန့်အပ်ခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN #အမေရိကန် #ထရမ့်