(နိုင်ငံတကာ) ဇန်နဝါရီ ၁၀
မြူထူထပ်မှုနှင့် လေထုအရေအသွေးကျဆင်းခြင်းကြောင့် အိန္ဒိယနိုင်ငံ၏မြို့တော် ဒေလီတွင် ခရီးသွားဝင်ရောက်မှုကို မငြိမ်မသက်ဖြစ်စေကြောင်းသိရသည်။
ယနေ့အစောပိုင်းက နေရာအများအပြားတွင် မြင်ကွင်းပျောက်ကွယ်သည်အထိ ဖြစ်ပေါ်ခဲ့ပြီး လေယာဉ်နှင့် ရထားခရီးစဉ်များ နှောင့်နှေးမှုဖြစ်ပေါ်ခဲ့သည်။
ရာသီဥတုဆိုးရွားမှုကြောင့် လေယာဉ်ခရီးစဉ် ၁၅၀ ကျော် နှောင့်နှေးခဲ့ပြီး ရထားခရီးစဉ် ဒါဇင်ပေါင်းများစွာလည်း အချိန်ဇယားထက် နှောင့်နှေးခဲ့ကြောင်း ဒေသအာဏာပိုင်များက ထုတ်ပြန်သည်။
ဒေလီရှိ လေထုအရည်အသွေးအညွှန်းကိန်းသည် နေရာအများအပြားတွင် ၄၀၀ ကျော်ရှိကြောင်း အစိုးရပိုင် Safar ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အဆိုပါညွှန်းကိန်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားသည့် ဘေးကင်းသော ကန့်သတ်ချက်ထက် ၂၅ ဆ ပိုများသည်။
ခရီးသွားအများအပြားသည် ရာသီဥတုဆိုးရွားမှုများကြောင့် လေယာဉ်ခရီးစဉ်နှောင့်နှေးရခြင်းကို လူမှုကွန်ယက်တွင် ရေးသားခဲ့ကြပြီး အိန္ဒိယနိုင်ငံ၏ မိုးလေဝသဌာနက သီတင်းပတ်ကုန်တွင် မိုးခေတ္တရွာသွန်းမည်ဟု ခန့်မှန်းထားပြီး မြူခိုးထူထပ်မှုများ လျော့ကျနိုင်ကြောင်း ခန့်မှန်းထားသည်။
Telegram»…
https://t.me/positiveanglenews