ရေအောက်အခြေခံအဆောက်အဦများကို ကာကွယ်ရန်အတွက် နေတိုးက ဘောတစ်ပင်လယ်သို့ စစ်ရေယာဉ် ၁၀ စင်းခန့် စေလွှတ်မည်


(နိုင်ငံတကာ) ဇန်နဝါရီ ၁၀

နေတိုးအဖွဲ့အနေဖြင့် ရေအောက်အခြေခံအဆောက်အဦများကို ကာကွယ်ရန်အတွက် ဘောတစ်ပင်လယ် ကို စစ်ရေယာဉ် ၁၀ စင်းခန့် စေလွှတ်မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ နီးစပ်သည့် သတင်းအရင်းအမြစ်များက ပြောသည်။

နေတိုးတပ်ဖွဲ့မှ စစ်သင်္ဘောများသည် ဘောတစ်ပင်လယ်သို့ ယခု သီတင်းပတ်အကုန်ပိုင်းတွင် ရောက်ရှိမည် ဖြစ်ပြီး ၎င်းသင်္ဘောများသည် စွမ်းအင်နှင့်တယ်လီကွန်မြူနီကေးရှင်း ဆိုင်ရာ ဆက်သွယ်ရေးကြိုးများအနီးတွင် နေရာယူထားမည်ဖြစ်ကြောင်း ဖင်လန်သတင်းဌာနတစ်ခုက ထုတ်ပြန်ထားသည်။

အဆိုပါ ဒေသအတွင်းရှိ ရေအောက်ကေဘယ်လ်ကြိုးများသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နှင့် ၂၆ ရက် တို့တွင် ပြတ်တောက်သွားခဲ့ရာ ၎င်းကြိုးများအနက် သုံးကြိုးမှာ ဖင်လန်နှင့် အက်စတိုးနီးယားတို့ကြား ဆက်သွယ်ထားသော ကြိုးများဖြစ်ပြီး ကျန်တစ်ကြိုးမှာ ဖင်လန်နှင့်ဂျာမနီတို့ကြား ဆက်သွယ်ထားကြောင်း SP သတင်းဌာန၏ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN #စစ်သင်္ဘော #နေတိုး