(နိုင်ငံတကာ) ဇန်နဝါရီ ၁၀
မြန်မာပြည်သူတွေအသုံးများတဲ့ အော်ပရေတာတွေထဲက တစ်ခုဖြစ်တဲ့ Mytel ကို အမေရိကန်အစိုးရရဲ့ ဝန်ကြီးဌာနအောက်က အေဂျင်စီတစ်ခုက ပိတ်ဆို့တဲ့စာရင်းထဲမှာ ထည့်သွင်းလိုက်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံက ဆက်သွယ်ရေးအော်ပရေတာတွေထဲကတစ်ခုလည်းဖြစ် မြန်မာပြည်သူတွေအသုံးများတဲ့ Mytel အော်ပရေတာကို အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာန စက်မှုနှင့် လုံခြုံရေးအေဂျင်စီရဲ့ ပိတ်ဆို့ရတဲ့စာရင်းမှာ ပါဝင်လာတယ်လို့ သိရပါတယ်။
အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာန စက်မှုနှင့် လုံခြုံရေးအေဂျင်စီက မြန်မာအပါအဝင် တရုတ်နဲ့ ပါကစ္စတန်က လုပ်ငန်း ၁၃ ခုကို ဇန်နဝါရီ ၆ ရက်က ပိတ်ဆို့မှုတွေချမှတ်ခဲ့တာဖြစ်ပါတယ်။
စက်မှုနဲ့လုံခြုံရေးဗျူရို (BSI) က ပိတ်ဆို့စာရင်းမှာ လုပ်ငန်း ၁၃ ခုကို ဖြည့်စွက်လိုက်တာကြောင့် ပို့ကုန်စီမံအုပ်ချုပ်ရေး စည်းမျဉ်း စည်းကမ်းများ EAR ကို ပြင်ဆင်ခဲ့ရတယ်လို့လည်း သိရပါတယ်။
အမေရိကန်က ပိတ်ဆို့လိုက်တဲ့ လုပ်ငန်း ၁၃ ခုထဲမှာ မြန်မာနိုင်ငံက ၁ ခု၊ တရုတ်နိုင်ငံက ၁၁ ခု၊ ပါကစ္စတန်နိုင်ငံက ၁ ခု ဖြစ်တယ်လို့ သိရပါတယ်။
အခုလို တရုတ်နိုင်ငံအပါအဝင် နိုင်ငံ ၃ နိုင်ငံရဲ့ လုပ်ငန်း ၁၃ ခုကို ပိတ်ဆို့ရတာဟာ ဒီလုပ်ငန်းတွေက အမျိုးသားလုံခြုံရေးကို ဆန့်ကျင်နေတဲ့ လုပ်ငန်းတွေဖြစ်သလို အမေရိကန်ပြည်ထောင် စုရဲ့ပြည်ပမူဝါဒအကျိုးစီးပွားတွေကို ဆန့်ကျင် သောလုပ်ငန်းတွေဖြစ်တယ်လို့ တစ်ဖက်သတ်စွပ်စွဲ ဆုံးဖြတ်ခဲ့ ကြဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews